Thursday, May 2, 2019

ငှက်ပျောပြုစုစိုက်ပျိုးနည်း



(အပင်တစ်ရာ အခိုင်တစ်ရာ)

ငှက်ပျောသားခွဲ ပျိုးထောင် စိုက်ပျိုးနည်ကို တင်ပြပြီးတဲ့အတွက်မို့ အထူးပြောစရာမရှိတော့ပါဘူး ။
ယခုတင်ပြပေးမှာက စျေးကွက်ဝင်အရည် အသွေးမှီငှက်ပျောသီးများရှိဖို့အတွက် ဦးစားပေး တင်ပြပေးသွားမှာပါ။


(1)
စိုက်ပျိုးပြီးစီးသွားတဲ့ငှက်ပျောသားတက်အပင်တွေများကို ရေဝပ်ခြင်း ရေမဝပ်ခြင်း ကြည့်ရှု သတိထားပေးရမှာဖြစ်ပါတယ်။ ရေဝပ်နေပါက အပင်မသန်လို့ မြေဖို့ပေးပါ။
(2) မြေသြဇာကျွေးခြင်း
ငှက်ပျောပင်များအားမြေသြဇာကျွေးရာ၌ သုံးလလျှင်တစ်ကြိမ်ခြား၍ ကျွေးရမှာဖြစ်ပါတယ်။ မြေသြဇာကျွေးတိုင်း အပင်ရင်းပတ်လည်အား အပင်အားပေးသောဓါတ်မြေသြဇာ မည်သည့် ဓါတ်မြေသြဇာကို မဆို နို့ဆီဗူးဗူးတဝက်ခန့်ကျဲပက်ပြီး အနီးအနား၌ရှိသောမြက်ခြောက် သစ်ရွက်ခြောက်များနှင့်အပေါ်ယံ မြေအားခြစ်၍ ဖုံးအုပ်ထားပေးပါ။ မိုးရွာသည့်အခါ ကျဲပက်ထားသောမြေသြဇာများ အဝေးသို့မျော ပါသွာမှာစိုးသည့်အတွက်ကြောင့်ပါ ။
(3) သားတက်မွေးမြူခြင်း
ငှက်ပျောပင်များသားတက်ထွက်လာသည့်အခါ ဖွံ့ဖြိုးဆုံးသောသားတက်တစ်ပင်အားချန်ထားခဲ့ပြီး ကျန်သားတက်များအားဖယ်ရှားပေးပါ။ ချန်၍ထားသောသားတက် များသည်လည်း တစ်ပင်နှင့် တစ်ပင်သက်တမ်းတူအရွယ်အစားတူဖြစ်ရပါမယ်။ သို့မှသာလျှင် ဒုတိယမြောက်ထွက်ရှိလာမယ့် ငှက်ပျောခိုင်တွေဟာလည်း တူညီနေကြမှာအမှန်ပါ။ ဤအချက်၌ အရေးကြီးပါသည်။သက်တမ်းတူညီပြီး
အပင်အရွယ်အစားမတူညီသောအပင်များအား မြေသြဇာကြိုတင်ကျွေးရပါလိမ့်မည်။
သုံးလတစ်ကြိမ်ကျွေးလျှင် လေးဆယ့်ငါးရက်ကြိုတင်ပြီးကျွေးထားပေးပါ။ ဤနည်းအတိုင်း
နောက်ထပ်ထွက်ရှိလာမယ့်သားတက်များကိုလည်း တစ်ပင်လှဲတစ်ပင်ထူစနစ်ဖြင့်ထားရှိပေးပါ။ ငှက်ပျောပင်မကြီးငှက်ပျောခိုင်ထွက်ရှိသည့်အချိန်၌ ငှက်ပျောတစ်ရုံမှာ ကြီးစဉ်ငယ်လိုက် အပင်မကြီးနှင့်သားတက်အစို့အပါအဝင် စုစုပေါင်းလေးပင်ရှိနေရမှာပါ။ဒါမှသာလျှင်ငှက်ပျောခိုင်များ သုံးလေးလအကြာမှာတစ်သုတ် အစဉ်လိုက်ထွက်ရှိလာမှာပါ။ (ဤနည်းသည် တစ်ပင်လှဲတစ်ပင်ထူ စနစ်ဖြစ်ပါသည်)
(4) ငှက်ပျောလက်များအားရှင်းလင်းပေးခြင်း
တစ်ခြံလုံးရှိငှက်ပျောပင်များအားကြည့်လျှင် တွဲလောင်းကျနေသောငှက်ပျောပင်များ မရှိစေရပါ။ ရှင်းလင်းနေရပါမည်။ တွဲလောင်းကျနေသောအလက်များရှိနေပါက လေဝင်လေထွက်မကောင်းခြင်း ငှက်ပျောသီးများအား ဖျက်ဆီးမည့်ကြွက်များ အလွယ်တကူတက်ရောက်နိုင်ခြင်းတို့နှင့်ကြုံတွေ့ရပါလိမ့်
မယ်။ ပုရွက်ဆိတ်များသည်လည်း ငှက်ပျောလက်ခြောက်များ၌ အုံဖွဲ့၍နေလေ့ရှိသည်။ ငှက်ပျောသီးများ အစွန်းအထင်ဖြစ်တတ်ပါသည်။ ထို့ကြောင့် တွဲလောင်းကျနေသော ငှက်ပျောလက်အခြောက်များအား ရှင်းလင်းပေးပါ။
(5) အဖူးမထွက်မှီ နောက်ဆုံးပတ်မြေသြဇာကျွေးခြင်း
ငှက်ပျောသီးများအရည်အသွေးပြည့်မှီဖို့အလွန်ပင်အရေးကြီးသည့်အချက်ပါ။ ပုံပမာတစ်ခုဖြင့်နှိုင်းယှဉ်ပြရလျှင် လူတို့၌ ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်စဆောင် ချိန်မှာ စားသုံးသောဆေးဝါးများနှင့် အစားအစာအဟာရများသည် မိခင်နှင့်မွေးဖွားလာမည့်ကျန်းမာသန်စွမ်းသောကလေးအတွက်အလွန်
အရေးကြီးသလို သီးပင် စားပင်တွေမှာလည်း ဒီသဘောအတိုင်းပါပဲ။ ငှက်ပျောပင်များ အဖူးထွက်ခါနီးမှာ ငှက်ပျောလက်များတို၍ သွားသည်ကိုသတိပြုမိကြပါလိမ့်မယ်။ ဤအချိန်၌ သာကူစေ့ခေါ် လယ်ယာသုံး ကွန်ပေါင်းဓါတ်မြေသြဇာနို့ဆီဗူးဗူးတစ်ဝက်ခန့်နှင့် ပုလဲဓါတ်မြေသြဇာ နို့ဆီဗူး လေးချိုးတစ်ချိုး ရော၍ကျွေးပေးပါ။ (အသီးအားပေးသောအခြားဓါတ်မြေသြဇာများနှင့် မိမိတို့ဖော်စပ်ထားသော သဘာဝမြေ
သြဇာ(သို့)အပုတ်ရည်များကိုလည်း အစားထိုးအသုံးပြုနိုင်ပါတယ်) မိမိတို့ပတ်ဝန်းကျင်၌ ရှာဖွေရလွယ်ကူ
သော ဖွဲနု ဖွဲကြမ်း(ဆန်ကြိတ်စက်အကျ ဖွဲနု၊ ဖွဲကြမ်းကို ဆိုလိုပါသည်) နေကြာကြိတ်ဖတ်၊ မြေပဲကြိတ်ဖတ်၊ နှမ်းကြိတ်ဖတ်များနှင့်ရော၍ကျွေးပေးနိုင်လျှင် အထူးပင်ပြောစရာမရှိအောင် အသီးထွက်နှုံးကောင်းပါလိမ့်မည်။ ဤအချက်၌ စာဖတ်သူအနေဖြင့် စောဒကတက်နိုင်ပါသည်။ "ငှက်ပျောသီးကရမယ့်ငွေ နဲ့ငှက်ပျောပင်ကို ကျွေးရမယ့်တန်ဖိုးက များမနေဘူးလာကွာ"လို့ ဆိုကောင်းဆိုကြပါလိမ့်မယ်။ တွေးကြည့်ပါ မြေသြဇာမကျွေးပဲ ပစ်ထားတဲ့ အပင်က သီးသောအသီးဟာ တစ်ဖီးမှာဆယ့်လေးလုံးဆိုဆိုကြပါစို့ မြေသြဇာကျွေးသေား
အဖီးကအသီးဟာ အလုံးနှစ်ဆယ်ဖြစ်ခဲ့ရင်အဲဒီမှာတင်ငှက်ပျောသီးတစ်ဖီးရဲ့တန်ဖိုးဟာကွာခြားသွားပါပြီ။ ဒီအတိုင်းပါပဲ ခြောက်ဖီး ငှက်ပျောခိုင်နှင့် ဆယ်ဖီးငှက်ပျောခိုင်ကိုကြည့်ပြီး အကျိုးအမြတ် ဘယ်လောက်ကွာခြားသွားသလဲဆိုတာ တွေးကြည့်လျှင် သိနိုင်ပါတယ်။ ငှက်ပျောသီးစျေးကွက်သို့ဝင်ဖို့ရာ ငှက်ပျောသီးအလုံးလှပြီး အဖီးကြီးဖို့ အင်မတန်အရေးကြီးပါသည်။
(6) ငှက်ပျောသီးအတွက် နောက်ဆုံးအချက်
ငှက်ပျောဖူးများထွက်ရှိပြီး ငှက်ပျောဖူး၌အောင်သီးများကုန်သွားသည့်အခါ ငှက်ပျောဖူးများအားချန်မထားပါနှင့်။ ငှက်ပျောဖူးများချန်ထားပါက ကျွေးထားသောမြေသြဇာများ ငှက်ပျောသီးများ၌ရပ်တန့်မနေပဲ ရှည်၍ဆင်းသွား
သောငှက်ပျောဖူးအဆုံးထိသွားနေဦးမှာပါပဲ။ ငှက်ပျောဖူးချိုးပစ်ပြီးသည်နှင့် ငှက်ပျောသီး အဖျားက အညှောင့်များအား ခြွေပစ်ပေးပြီး ပလပ်စတစ်အိတ်ကြီးစွပ်ထားပေးခြင်းဖြင့် အစက်အပြောက်ကင်းစင်ပြီး စျေးကွက်ဝင်လှပသောငှက်ပျောခိုင်များရှိကြမှာ အမှန်မသွေပါ။ အိတ်စွပ်ပြီးသည်နှင့်တပြိုင်နက် ငှက်ပျော
အလက်များကိုလည်း ချိတ်ချပေးပါ။ အနည်းဆုံး ငါးလက်ဝန်းကျင်ချန်ထားပေးရုံနဲ့ လုံလောက်ပါပြီ။ ငှက်ပျောလက်အများအပြားရှိနေပါက လေတိုက်သည့်အခါအပေါ်ပိုင်းလေး၍ ကျိုးကျသွားနိုင်သလို ကျွေးထားသည့် မြေသြဇာများသည်လည်း အသီးသို့တော်ရုံမရောက်နိုင်ပါ။ အပင်ကျိုးကျခြင်းမှ ကင်းဝေးစေရန်အတွက် ဝါးကတ်ကြေးများပြုလုပ်၍ ထောက်ထားပေးခြင်းဖြင့် ပို၍စိတ်ချရပါမည်။
(7) ငှက်ပျောပင်များရဲ့အစိုဓါတ်
ပူပြင်းခြောက်သွေ့သောနွေရာသီတွေမှာ ငှက်ပျောတန်းခြားများအား ရေမြောင်းပြုလုပ်၍ ရေသွင်းပေးနိုင်သလို တောင်ကုန်း တောင်စောင်းများနှင့် ရေရရှိမှုခက်ခဲသောနေရာဒေသများ အတွက်တော့ ပင်ခြေရင်း၌သစ်ရွက်သစ်ခက် မြက်ခြောက်များစုပုံပေးခြင်း ငှက်ပျောလက်များနှင့် ငှက်ပျောပင်အပိုင်းအစ
များစုပုံပေးခြင်းဖြင့် ငှက်ပျောပင်အတွက်အစိုဓါတ်ကိုထိန်းသိမ်းပေးသလိုဖြစ်စေပါသည်။
(8) ငှက်ပျောခေါင်းပိုးရောဂါ
ငှက်ပျောပင်များ ခေါင်းပိုးဖြစ်နေပြီဆိုလျှင် ငှက်ပျောရွက်များဝါလာခြင်း ငှက်ပျောအညွှန့်များ အလိပ်မပြေပဲ တစ်ဆို့နေခြင်း၊ ငှက်ပျောဖူးများအပြင်သို့မထွက်နိုင်ပဲ ရပ်တန့်သွားခြင်း ထွက်ရှိပြီးငှက်ပျောသီးများအရွယ်
မတိုင်မှီနုမှည့်မှည့်သွားခြင်း ငှက်ပျောပင်ခါးလည်မှကျိုးကျသွားခြင်းများဖြစ်တတ်ပါသည်။ ကာကွယ်ဖို့ ဆေးနည်းများရှိချင်ရှိပါလိမ့်မည်။ သို့ပေမယ့်လည်း အဲလောက်ထိတော့ ကျနော်လည်း လက်လှမ်းမမှီသေးပါ။
ကာကွယ်ဖို့နည်းလမ်းကတော့ ပြွတ်သိပ်နေသောငှက်ပျောရုံမှငှက်ပျောပင်များအား တစ်နေရာသို့ ခွဲပြောင်းစိုက်ပျိုးပေးခြင်း ငှက်ပျောခိုင်ခုတ်ပြီးသားအပင်ရင်းဦးခေါင်းဆွေးများတူးထုတ်ပေးခြင်းဖြင့် ငှက်ပျောခေါင်းပိုးရောဂါကို ကာကွယ်ရာ ရောက်ပါသည်။ ငှက်ပျောခိုင်ခုတ်ပြီးသားဦးခေါင်းများကို ဒီအတိုင်း
ထားပါက ငှက်ပျောခေါင်းအပုတ်အဆွေးများအခြားအပင်ခေါင်းသို့ လွယ်ကူစွာ ကူးစက်သွားနိုင်ပါသည်။ ခေါင်းပိုးဖြစ်ပြီးကျိုးကျနေသောငှက်ပျောအူတိုင်ကိုကြည့်ခြင်းအားဖြင့် အမဲစက်များတွေ့ရပါလိမ့်မည်။
(9) ခြားညှပ်စိုက်ပျိုးခြင်း
ငှက်ပျောပင်များကို သရက် ပိန္နဲ ဒူးရင်း မင်းဂွတ် ကြက်မောက်နှင့် အခြားခြားသော သီးပင် စားပင် တန်းခြားများ၌ ခြားညှပ်စိုက်ပျိုးခြင်းဖြင့် ဝင်ငွေအမြန်ပေါ်စေမှာအမှန်ပါ။
Credit – Zayyar (Trytry Tryi)

ကန်စွန်းရွက် အိုးထဲတွင် စိုက်နည်း


ကန်စွန်းရွက် နှစ်သက်သူများ မိမိ၏ နေအိမ်တွင် အိုးနှင့် သန့်ရှင်းစွာစိုက်၍ ဘေးကင်းစွာ စားသုံးနိုင်ရန် ကန်စွန်းရွက်စိုက်နည်းကို မျှဝေလိုက်ပါတယ် ။

ရန်ကုန်တွင် ကန်စွန်းခင်းမှ ခူးရျ် ကစွန်းရွက် ရောင်းသူများ ရှိသကဲ့သို့ အချို့ကလည်း ရေဆိုးမြောင်းဘေးတွင် အလေ့ကျ ပေါက်နေသော ကန်စွန်းရွက်များကို တနိုင်တပိုင် စီးပြီး ရောင်းသူများ ရှိပါသည် ။ ရေဆိုးမြောင်းထဲတွင် စက်ရုံမှ စွန့်ပြစ်သည့် ဓါတုဗေဒ ရေဆိုးများ လူနေအိမ်များမှ စွန့်ပြစ်သည့် အညစ်အကြေးများ ရှိပြီး ထိုအနီး အနားတွင်ပေါက်သော ကန်စွန်းရွက်များတွင် လူကို ဥပဒ်ပေးသော ပိုးမွှားများပါရှိရျ် စားသုံးမိပါက ရောဂါဆိုးများ ရရှိနိုင်ပါသည် ။ မိတ်ဆွေ ကန်စွန်းရွက် ဝယ်လျင် သတိထားရျ် ဝယ်ယူ စားသုံးသင့်ပါသည် ။
 

ကန်စွန်းရွက်ကို ဒီလိုလည်း စိုက်ပျိုးနိုင်ပါတယ် ။ ရိုးရိုးကန်စွန်းရွက် စည်အိုးထဲ ထည့်ထားတာ ။ စိုက်ပင်ဆို ဒီလို တညီတည်း အတိုအရှည် မညီရေအိုး တစ်ဘက်တည်း စုမနေပါ ။

စိုက်လိုပါက အိုးအတွင်း
၁ – သဲ တစ်ဆ ၊ မြေဆွေး နှစ်ဆ ၊ ပြာ တဆ သမမွှေပြီး အိုးတွင်း သုံးပုံ နှစ်ပုံ ထည့်ပါ ။
၂ – မြေညှိ ကန်စွန်းစေ့ ၁၀၀ခန့်ဖြူး ၊
၃ – အပေါ်မှ သဲမြုတ်အောင် ဖြူး ၊
၄ – ရေလောင်းပေး ၊ ၅ ရက်ခန့်တွင် အပင်၂လက်မခန့် ရှည်လာလျှင် ရေ၁လက်မ အမြဲမြှပ်ထားပါ ။
၅ – ၂၀ရက် ကြာလျင် ခူးစားပါ ။

"နောက်တနည်းမှာ"
၁ – သဲ တဆ ၊ မြေဆွေး တဆ ၊ ပြာ တစ်ဆုတ် ရောပြီး အိုးတွင်းထည့် ။
၂ – ထိုမြေပေါ် ရေ လက်လေးသစ်ခန့် ထည့် ။
၃ – စျေးမှ ကန်စွန်းရွက် တစ်စည်းဝယ် ။ ကစွန်းညွန့်က်ု ၃လက်မလောက် မြေမြျုပ်ရျ် တစ်ပင်းခြင်းစိုက် ။
၄ -၁၀ ရက် အတွင်း အညွန့် ခူးစား ။
၅ – ၇ ရက် တစ်ကြိမ်ခန့် နွားချေးဆွေး လက်တစ်ဆုပ်ခန့် ထည့်ပေး ။ သို့မဟုတ် အညွန့် ခူးပြီးတိုင်း နွားချေး မြေမဆွေးထည့် ။
၆ – နေပူ တိုက်ရိုက်ကျရာမှာထား ၊ ၇ ရက် တကြိမ် ကြော်စားလို့ ရ၏ ။

Credit:My Food Myanmar
ဗဟုသုတ​ကျေးရွာ

သခွားမွှေး စိုက်ပျိုးနည်း





မြန်မာအမည် - သခွားမွှေး
အင်္ဂလိပ်အမည် - MUSKMELON
ရုက္ခဗေဒအမည် - Cucumis melo
မျိုးရင်းအမည် - CUCURBITACEAE
သခွားမွှေးသည် မြန်မာသခွားမသီးမျိုးနှင့် အနံ့အဆင်း ဆင်တူသော်လည်း မြန်မာသခွားမသီးမျိုး လောက် အနံ့စူးရှမှုမပြင်းထန်ဘဲ စွဲမက်ဖွယ်ကောင်းသော အနံ့ရှိပါသည်။ အချိုဓာတ်မှာ မြန်မာသခွားမသီးမျိုး ထက် ပိုမိုမြင့်မားပြီး အသားမှာ စေးပိုင်နေ၍ စားသုံးရာတွင် ထူးခြားသော အရသာပေးစွမ်းနိုင်ပါသည်။ အချိုပွဲ အဖြစ်လည်းကောင်း၊ ချက်ပြုတ်၍လည်းကောင်း စားသုံးကြပါသည်။

၁။ မူရင်းဒေသ
အိန္ဒိယနိုင်ငံဖြစ်၍ သခွားမွှေးအား Cantalourpe ဟုလည်း လူသိများကြသည်။ အမေရိကတိုက်၊ အာရှ မိုင်းနားဒေသနှင့် မြေထဲပင်လယ်ဒေသတို့တွင် စီးပွားဖြစ်တွင်ကျယ်စွာ စိုက်ပျိုးကြသည်။

၂။ အမျိုးအစား
အသီးပုံသဏ္ဍာန်မှာ အလုံးပုံ၊ ဘဲဥပုံ၊ လုံးရှည်ပုံဟူ၍ အမျိုးမျိုးတွေ့ရပြီး အသီးခွံအရောင်မှာ အစိမ်း အနု၊ အရင့်၊ အဖြူရောင်၊ အဝါရောင်၊ ဆင်စွယ်ရောင်စသည်ဖြင့် တွေ့ရပါသည်။ အသီးခွံသည် ပြောင်ချောရှိသ လို ပိုက်ကွန်သဖွယ် အကွက်များ မထင်မရှား ပါဝင်သောမျိုးနှင့် အကွက်ပေါ်လွင်ထင်ရှားသော မျိုးအဖြစ်လည်း ကောင်း အမျိုးမျိုး တွေ့ရပါသည်။
အကွက်ပေါ်လွင်သိပ်သည်းမှုပေါ် မူတည်၍ စျေးကွက်တွင် ကြိုက်နှစ်သက်မှုကွဲပြားကြောင်းတွေ့ရပါ သည်။ အဘယ်ကြောင့်ဆိုသော် ပြောင်းလဲတိုးတက်နေသော လူနေမှုအဆင့်အတန်းအရ အကွက်လှသော သခွားမွှေးအား လက်ဆောင်အဖြစ် ပေးသော ဓလေ့ ထွန်းကားလာခြင်းကြောင့် ဖြစ်ပါသည်။ အတွင်းသား အရောင်မှာ အဖြူရောင်၊ ဖြူစိမ်းရောင်၊ ဆင်စွယ်ရောင်၊ လိမ္မော်နီရောင်၊ အစိမ်းရောင်ဟု အမျိုးမျိုးကွဲပြားလျက်ရှိ ပြီး ဖြူစိမ်းရောင်မှာ စျေးကွက်တွင် ဝယ်လိုအား အများဆုံးဖြစ်ပါသည်။
 
သခွားမွှေးတွင် ပါဝင်သော အစေ့များမှာ အလယ်ဗဟိုချက်တိုင်တွင် တစ်စုတစ်ဝေးတည်း တည်ရှိသည့် အတွက် စားသုံးရာတွင် အစေ့ဖယ်ရှားရလွယ်ကူပါသည်။

လက်ရှိစျေးကွက်မှ ကြိုက်နှစ်သက် မျိုးများမှာ အောက်ပါတို့ ဖြစ်ပါသည်။
 
စဉ် အမည် အသီးခွံတွင် အကွက်ရှိမှု အတွင်းသားအရောင်
၁။ Sky Rocket ရှိ ဖြူစိမ်း
၂။ New Century မရှိ လိမ္မော်နီ
၃။ Sun Rise ရှိ လိမ္မော်နီ
၄။ Sun Lady မရှိ လိမ္မော်နီ
၅။ Jade Beauty ရှိ ဖြူစိမ်း
၆။ Jade Jew မရှိ ဆင်စွယ်
၇။ Emerald Kiji ရှိ ဖြူစိမ်း
 

၃။ စိုက်ပျိုးသည့်ဒေသ
မြန်မာပြည်အနှံ့အပြားတွင် စိုက်ပျိုးနိုင်သော်လည်း သီးနှံမျိုးသစ်ဖြစ်၍ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် စိုက်ပျိုးကြသည်ကို တွေ့ရပါသည်။

၄။ မြေနှင့် ရာသီဥတု
(၂၆-၃၀) ဒီဂရီစင်တီဂရိတ်ခန့်တွင် ကောင်းမွန်စွာ ဖြစ်ထွန်းသည်။ အပူချိန် (၁၀) ဒီဂရီ စင်တီဂရိတ်ထက် ပို၍ မကွာခြားသောဒေသများတွင် ကောင်းမွန်စွာ ဖြစ်ထွန်းနိုင်သည်။ pH (၆-၆.၅) ပတ်ဝန်းကျင်တွင် ကောင်းမွန်စွာ ဖြစ်ထွန်းသည်။ ရေစီးရေလာကောင်း၍ ရေသွင်းရေထုတ် လွယ်ကူသော သဲနုန်းမြေများတွင် ကောင်းမွန်စွာ ဖြစ်ထွန်းနိုင်သည်။
 

၅။ မျိုးစေ့နှုန်း
တစ်ဧကလျှင် မျိုးစေ့နှုန်း (၂၀၀) ဂရမ်သုံး၍ ပျိုးထောင်ပါ။

၆။ ပျိုးထောင်ခြင်း
မျိုးစေ့များကို (၅x၇) လက်မ ပလပ်စတစ်အိတ် (သို့မဟုတ်) (၄) လက်မအချင်းရှိ ပလပ်စတစ်ပျိုး ခွက် များတွင်ထည့်၍ ပျိုးထောင်ပါ။ ပျိုးမြေသည် မြေဆီအာဟာရ ကြွယ်ဝရန်လိုသည်။ အစေ့ချချိန်မှ (၂၅) မတိုင်မီ ပြောင်းရွှေ့စိုက်ပျိုးနိုင်သည်။ ထိုအချိန်တွင် ရွက်စစ် (၂-၄) ရွက်ပြန့်နေပြီဖြစ်သည်။
 
ပျိုးခင်းတွင် ပိုးမွှားရောဂါ ကျရောက်မှုအခြေအနေကို မျက်ခြေမပြတ် စစ်ဆေးကာကွယ် နှိမ်နင်းပါ။ စိုက် ခင်းပြုပြင်ရာတွင် ရေသွင်းရေထုတ်လွယ်ကူသော သခွားမျိုးရင်းဝင်အပင်များ ဆက်တိုက်မစိုက်ဘဲ (၃) ရာသီခန့် လှပ်ထားသောမြေတွင် စိုက်ဘောင်များဆွဲ၍ စိုက်ပျိုးနိုင်သည်။
 

၇။ စိုက်ပျိုးခြင်း
တန်းကြားပင်ကြား အကွာအဝေးကို (၃ x ၂) ပေ၊ (၄ x ၂) ပေ၊ (၅x ၂၁/၂) ပေ စသဖြင့် ရာသီဥတုပေါ် မူတည်၍ အမျိုးမျိုးစိုက်ပျိုးနိုင်သည်။
 (၃ x ၂) ပေအကွာအဝေးဖြင့် စိုက်ပျိုးပါက တစ်ဧကလျှင် အပင် (၇၀၀၀) ကျော်ဝင်ဆန့်ပါမည်။
အပင်ကို ပြုစုစောင့်ရှောက်ရာတွင် ပင်စည်ရှိ အဆစ် (၁၁) ဆစ်၏ အောက်ရှိအဆစ်တိုင်းမှ ထွက်ရှိသော ဘေးတက်များကို ဖဲ့ပါ။ မူလပင်စည်တွင် အဆစ် (၂၅-၃၀) ဆစ် (အပင်အမြင့် ၅-၅.၅) ပေခန့် ရှိချိန်တွင် ခေါင်နှိမ်ပါ။ ဘေးတက်များကို (၃) ရွက်ချန်ဖြတ်ပါ။ အဆစ်နံပါတ် (၁၁) မှ စတင်ကာထွက်ရှိသည့် ဘေးတက်၏အဆစ်တိုင်းတွင် အသီးတင်နိုင်မည့် အပွင့်များပါရှိနိုင်ပါသည်။
 အဆစ်အမှတ် (၁၁၊ ၁၂) တွင် အသီးတင်မှုမရှိပါက အစာရေစာနှင့် ရာသီဥတု သင့်တင့်မျှတခြင်း မရှိကြောင်း သိနိုင်သည်။ သို့ပါ၍ အဆစ်အမှတ် (၁၀) အောက်မှ ဘေးတက်များဖဲ့ချိန်တွင် အစာရေစာလုံလောက်အောင် ကျွေးပေးရန် အရေးကြီး ပါသည်။
ပထမဆုံးတင်သည့် အသီးမှစတင်၍ (၃) လုံးပြည့်အထိ အသီးတင်စေပြီးနောက် အသီးမှာ တင်းနစ် ဘောလုံးခန့်ရှိချိန်တွင် တစ်ပင်တွင်ယူမည့် အသီးအရေအတွက် ဆုံးဖြတ်၍ အောက်ပါအတိုင်း ဆက်လက်ဆောင် ရွက်ပါ။
- အသီးကြီးကြီးရလိုပါက တစ်ပင်တွင် တစ်လုံးသာယူပါ။
- တစ်ပင်တွင် အများဆုံးအသီး (၂) လုံးသာ ယူသင့်ပါသည်။
- မိမိယူမည့် အသီး၏ ရှေ့မှထွက်သောအရွက် တစ်ရွက်သာချန်လှပ်၍ ယင်းကိုင်းအား ဖြတ်ပါ။
- ပြီးလျှင် တစ်ပင်လုံးရှိ ကျန်အပွင့်အသီးများ အားလုံးခြွေပစ်ပါ။ အချို့ သခွားမွှေးပြောင်မျိုးများတွင် အသီးခြွေရန်မလိုဘဲ တင်ရှိသော အသီးများအားလုံးယူရန် ဖြစ်သည်။
- သီးထိုးယင် ကျရောက်တတ်သော စိုက်ခင်းများတွင် အသီးတင်းနစ်ဘောလုံးခန့် ရှိချိန်မှစ၍ သတင်းစာ စက္ကူအိတ်ဖြင့် စွတ်ပေးခြင်းဖြင့် အသီးပျက်စီးမှု မဖြစ်ပေါ်နိုင်ပါ။

၈။ မြေသြဇာကျွေးနည်း
 
ပြောင်းရွှေ့မစိုက်မီ တစ်ဧကတွင် မြေခံအဖြစ် မဖြစ်မနေ ထည့်သွင်းရန် နှုန်းထားမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ယူရီးယား - ၁၁၂ ပေါင် (၂) အိတ်
တီစူပါ - ၁၁၂ ေါပင် (၁) အိတ်
ပိုတက်ရှ်- ၁၁၂ ပေါင် (၁) အိတ်
 
ပန်းစပွင့်ချိန်တွင် တစ်ကြိမ်နှင့် အသီးတင်ပြီး (၁၀) ရက်ခန့်တွင် တစ်ကြိမ် တစ်ဧကအတွက် စုစုပေါင်း ယူရီးယား (၂)အိတ်၊ တီစူပါ (၁) အိတ်နှင့် ပိုတက် (၁) အိတ်တို့ကို ထပ်မံကျွေးရန် လိုအပ်ပါသည်။
 

၉။ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း
ဘူးဖရုံကျိုင်း (ဝါနီရောင်) Thrips များ၊ သစ်သီးယင်များ ကျရောက်မှုကို အများဆုံးတွေ့ရပါသည်။ ပိုးသတ်ဆေးများအဖြစ် Cypermethrin ,Cymbush, Decis,Nuvacron စသည်တို့ကို ရေအဆ (၄၅၀) ရောကာ (၅) ရက်တစ်ကြိမ် ပက်ဖျန်းခြင်းဖြင့် ကာကွယ်နိုင်ပါသည်။
ရောဂါအနေဖြင့် ရွက်ညိုပြောက်ရောဂါ၊ သံချေးရောဂါ၊ ပင်စည်နှင့် သီးပုပ်ရောဂါတို့ကို ရောက်တတ် သဖြင့် Topsin,Decnoil, Ridomyl တို့ကို ရေအဆ (၇၀၀) နှင့် ရော၍ (၅) ရက် တစ်ကြိမ် အလှည့်ကျ ပက်ဖျန်း ကာကွယ်နိုင်ပါသည်။

၁၀။ ဆွတ်ခူးခြင်း
ပန်းပွင့်ပြီး (၃၅ - ၄၇) ရက်တွင် အသီးညှာထိပ်ရှိ နှာမောင်းများ ခြောက်လာမည်။ ရပ်ဝေးသို့ သယ်ယူ မည်ဆိုပါက ထိုအချိန်တွင် ခူးဆွတ်ရန် လိုအပ်ပါသည်။ စိုက်ခင်းမှ စျေးကွက်သို့ အချိန်တိုတိုနှင့် ရောက်ရှိနိုင် မည်ဆိုပါက သီးညှာတဝိုက် အဝါရောင်သန်းချိန် အနံ့စတင် ထွက်ပေါ်လာချိန်တွင် ခူးဆွတ်ခြင်းနှင့် အရည် အသွေးမြင့်မားသော အသီးကို ဒဏ်ရာရခြင်းမှ ကာကွယ်ရန် သတင်းစာဖြင့် ထုတ်ပိုး ပို့ဆောင်ရန် လိုအပ်ပါသည်။

Source:ဟင်းသီးဟင်းရွက် စိုက်ပျိုးရေး
ဗဟုသုတ​ကျေးရွာ

သနပ်​ခါး​ပင်​ စိုက်​ပျိုး​နည်း​



⁠မြန်မာအမည်- သနပ်ခါး

အင်္ဂလိပ်အမည်​ – Chinese Box Tree , Wood Apple

မျိုး​ရင်း​ – Rutaceae

မျိုး​စု -Limonia

မျိုး​စိတ်​ – L. acidissima

သိပ္ပံအမည် – Naringi crenulata (Roxb)​

Limonia acidissima

Hesperethusa crenulata (Roxb)​ Roeam

သနပ်ခါးပင်၏ ဝိသေသလက္ခဏာ

သနပ်​ခါး​ပင်​၏ ပုံသဏ္ဍာန်​မှာ အပင်​ ပင်​လတ်​မျိုး​⁠ဖြစ်​သည်​။ အ⁠မြင့်​⁠ပေ ၂၀ – ၃၀ ထိ ⁠မြင့်​တက်​⁠ပြီး​ပင်​စည်​
 ⁠နှင့်​ အကိုင်း​အခတ်​များ​တွင်​ လက်​မဝက်​၊ ၁ လက်​မခန့်​ ရှည်​သည့်​ မာ⁠ကျော⁠သော ဆူး​များ​ပါရှိသည်​။ အပင်​⁠နုစဉ်​တွင်​ အ⁠ပွေး​မဲ့​⁠ပြီး​ အပင်​ရင့်​လာ⁠သောအခါမှ အ⁠ပွေး​ ထူလာပါသည်​။ အရွက်​ပုံသဏ္ဍာန်​မှာ ရွက်​ ⁠ပေါင်း​⁠ဖြစ်​⁠ပြီး​ ရွက်​လွှဲထွက်​သည်​။ ရွက်​⁠မြွှာ ၂ စုံမှ ၃ စုံ ထိရှိ⁠ပြီး​ ရွက်​ထိပ်​တွင်​ တစ်​ရွက်​ပါ သည်​။ ရွက်​⁠ပြားပြောင်ချော⁠ပြီး​ ⁠တောင့်​တင်း​မာ⁠ကျောသည်​။ အစိမ်း​ရင်ရောင်​ရွိသည်​။ အပွင့်​ပုံသဏ္ဍာန်​မှာ⁠သေး​ငယ်​⁠ပြီး​၊ အ ဝါ⁠နု⁠ရောင်​ရှိ သည်​။ အဆုပ်​လိုက်​ပွင့်​သည်​။ ⁠ရေမြေရာသီဥတု⁠ပေါ် မူတည်​၍ တ⁠ပေါင်း​၊ တန်​ခူး​၊ ကဆုန်​ လများ​တွင်​ အပွင့်​များ​ပွင့်​သည်​။ ဝါဆို၊ ဝါ⁠ခေါင်​၊ ⁠တော်​သလင်း​လများ​တွင်​ အသီး​ရင့်​မှည့်​သည်​။ ⁠ရေ ⁠သောက်​⁠မြစ်​ရှည်​လျား​သည်​။ ⁠ဘေး​⁠မြစ်​များ​လည်း​ ရှည်​လျား​⁠ပြီး​ ⁠ဖြန့်​ထွက်​သည်​။ အ⁠မြစ်​တွင်​လည်း​ အ⁠ပွေး​ အ⁠ခေါက်​ပါရှိသည်​။ အ⁠မြစ်​မှ သား​တက်​များ​ထွက်​⁠လေ့​ရှိပါသည္​။

စိုက်​ပျိုး​နည်း​စနစ်​

⁠မြေအမျိုး​အစား​

စိုက်​ပျိုး​ရန်​ အ⁠ကောင်း​ဆုံး​⁠မြေမှာ ဂဝံ၊ ⁠ကျောက်​စရစ်​⁠မြေ (Gravel soi)ရွှံ့​⁠စေး​⁠ မြေ ၊ ဆား​⁠ပေါက်​⁠သော⁠ မြေ ၊ ⁠ရေဝပ်​⁠သော⁠ မြေ များ​မှလွှဲ၍ ကျန်​⁠ မြေ အမျိုး​အစား​များ​တွင်​ စိုက်​ပျိုး​⁠နိုင်​ပါသည်​။
သဲ⁠ မြေ တွင်​လည်း​ စိုက်​ပျိုး​⁠နိုင်​ပါသည်​။
 သို့​⁠သော်​စိုက်​ပျိုး​ပါက အပင်​ငယ်​စဉ်​တွင်​ အပင်​အ⁠သေ အ⁠ပျောက်​များ​⁠ပြီး​ အပင်​⁠ဖြစ်​ထွန်း​အား​နည်း​ပါသည္​။

မိုး​⁠ရေချိန်​

၁၀ – ၄၀ လက်​မ အ⁠ကြား​တွင်​ရှိ⁠သော ⁠နေရာ⁠ဒေသများ​တွင်​ စိုက်​ပျိုး​⁠နိုင်​ပါသည်​။

သနပ်​ခါး​မျိုး​⁠စေ့​ယူနည်း​

သနပ်​ခါး​ပင်​များ​သည်​ ⁠ရေ⁠ မြေ ရာသီဥတု⁠ပေါ်တွင်​ မူတည်​၍ တ⁠ပေါင်း​၊ တန်​ခူး​ လများ​တွင်​ ပွင့်​ဖူး​ ⁠ပြီး​၊ ဝါဆို၊ ဝါ⁠ခေါင်​လများ​တွင်​ အသီး​များ​ရင့်​မှည့်​ချိန်​တွင်​ မျိုး​အ⁠ဖြစ်​ စတင်​ခူး​ယူ⁠နိုင်​ ပါသည်​။ခူး​ယူ⁠ပြီး​⁠သော သနပ်​ခါး​သီး​ကို ⁠ရေထဲတွင်​ စိမ်​၍ ⁠ရေ⁠အောက်​⁠မြုပ်​⁠နေ⁠သော သနပ်​ခါး​အ⁠စေ့​များ​ ကိုသာ ယူ၍ ပျိုး​⁠ထောင်​ရပါမည်​။ ⁠ရေ⁠ပေါ်တွင်​ ⁠ပေါ⁠လော ⁠ပေါ်⁠နေ⁠သောအ⁠စေ့​များ​သည်​
 မျိုး​⁠အောင်​⁠မြင်​⁠ခြင်း​ မရှိပါ။သနပ်​ခါး​ကို ပျိုး​⁠ထောင်​၍ စိုက်​ပျိုး​သည်​။ ပျိုး​⁠ထောင်​ပုံ (၂)​မျိုး​ရှိသည်​။

ပျိုး​⁠ဘောင်​လုပ်​၍ပျိုး​⁠ထောင်​⁠ခြင်း​⁠နှင့်​ အိတ်​⁠ဖြင့်​ ပျိုး​⁠ထောင်​⁠ခြင်း​တို့​⁠ဖြစ်သည်​။

⁠ပြောင်းရွှေ့စိုက်ပျိုးခြင်း

ပျိုး​⁠ထောင်​⁠ပြီး​ ၄၅ ရက်​သား​မှစ၍ ⁠ မြေတွင်​ စတင်​⁠ပြောင်း​⁠ရွှေ့​စိုက်​ပျိုး​⁠နိုင်​ပါသည်​။
သီး​ညှပ်​ စိုက်​ပျိုး​မည်​ဆိုပါက တန်း​⁠ကြား​၊ ပင်​⁠ကြား​ (၈ ⁠ပေ× ၄⁠ပေ)​၊ (၈ ⁠ပေ× ၅ ⁠ပေ)​ စိုက်​ပျိုး​⁠နိုင်​ ပါသည်​။ သီး​ညှပ်​အ⁠ဖြစ်​⁠နှမ်း​၊ ပဲစဉ်း​ငုံ၊ ⁠မြေပဲစသည့်​⁠ရေ⁠မြေရာသီဥတု⁠နှင့်​ ကိုက်​ညီ⁠ပြီး​ မိမိ⁠ကြိုက်​ ⁠နှစ်​သက်​သည့်​ သီး​⁠နှံများ​ကို စိုက်​ပျိုး​⁠နိုင်​ပါသည်​။

သီး​ညှပ်စိုက်ပျိုးခြင်းမ​ပြုလျှင်​ တန်း​⁠ကြား​၊ ပင်​⁠ကြား​ (၄ ⁠ပေ × ၄⁠ပေ)​⁠နှင့်​ (၅⁠ပေ ×၅ ⁠ပေ)​ စိုက်​ပျိုး​လျှင်​ အသင့်​⁠တော်​ဆုံး​⁠ဖြစ်​ပါသည်​။

ကျ⁠ရောက်​တတ်​⁠သော ပိုး​မွှား​/⁠ရောဂါများ​

အမြစ်ပုတ်ရောဂါနှင့်​
 ကိုင်း​ဖျား​⁠ခြောက်​⁠ရောဂါတို့ အဓိကကျ⁠ရောက်​တတ်​ပါသည်​။

အပင်ပြုစုထိန်းသိမ်းနည်း

မိုး​ဦး​ကျစအချိန်​⁠နှင့်​မိုး​ကုန်​ခါနီး​အချိန်​တွင် အနည်း​ဆုံး တစ်နှစ် (၁) ကြိမ်၊ (၂) ကြိမ်  ကွန်ပေါင်းဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောနှော၍ ကျွေးသင့်ပါသည်။ သနပ်ခါးပင်ခြေမှ ၂ ပေ ၃ ပေခွာ၍ အပင်ပတ်လည်မြေဆွပေးရပါမည်။ ပေါင်း​⁠မြက်​များ​ ရှင်း​လင်း​⁠ပေး​ရပါမည်​။

အပင်​ (၂ -၃)​ ⁠နှစ်​သား​ အရွယ်​မှစ၍ ပင်​⁠ခြေအတက်​များ​⁠နှင့်​ အကိုင်း​အခက်​များ​ကို ရှင်း​လင်း​ ဖယ်​ရှား​⁠ပေး​ရပါမည်​။ရာသီဥတုအခြေအနေနှင့် အပင်အခြေအနေပေါ်မူတည်​၍
 ပင်​လုံး​ပျံ့​ပိုး​သတ်​⁠ဆေး​၊ ထိ⁠သေပိုး​ သတ်​⁠ဆေး​၊ မှိုသတ်​⁠ဆေး​များ​ကို ⁠ကြိုတင်​ကာကွယ်​သည့်​အ⁠နေဖြင့်​ ပက်ဖြန်းပေးသင့်ပါသည်။

⁠စျေး​ကွက်​ဝင်​ သနပ်​ခါး​အဆင့်​(ရိတ်​သိမ်း​ချိန်​)​

စိုက်​ခင်း​အသစ်​များ​တွင်​ အပင်သက်တမ်း​ (၆)​ ⁠နှစ်​၊ (၇)​⁠ ⁠နှစ် ​သား​မွစတင်၍ သနပ်ခါးအဖြစ် စတင်စျေးကွက်ဝင်ရောင်းချနိုင်ပါသည်​။ အများ​အား​⁠ဖြင့်​ (၈)​⁠နှစ်​မှ (၁၀)​⁠နှစ်​သား​အရွယ်​သည်​ ⁠စျေး​ကွက်​တွင်း​သို့​အ⁠ရောင်း​အများ​ဆုံး​ အရွယ်​ ⁠ဖြစ်​ပါသည်​။ သား​တက်​ သနပ်​ခါး​ခင်း​များ​တွင်​ အပင်​သက်​တမ်း​ (၅-၆)​⁠နှစ်​တွင်​ စတင်​⁠ရောင်း​ချ⁠ပြီး​၊ (၆)​⁠နှစ်​ မှ(၈)​⁠နှစ်​အရွယ်​သက်​တမ်း​သည်​ ⁠စျေး​ကွက်​အဝင်​ဆုံး​ ⁠ရောင်း​ချချိန်​ ⁠ဖြစ်​ပါသည်​။
အရည်အသွေးအကောင်းဆုံး သနပ်ခါးတစ်ပင်ရရှိန်မှာ သက်တမ်း (၃၅) နှစ်ခန့် လိုပါသည်​။
⁠ဒေသအမျိုး​မျိုး​တွင်​ စိုက်​ပျိုး​⁠ဖြစ်​ထွန်း​⁠သော်​လည်း​ ⁠မြန်​မာ့​သနပ်​ခါး​သည်​ အရည်​အ⁠သွေး​အကောင်း​ဆုံး​⁠ဖြစ်​သည်​။

သံပရာသီးစနစ်တကျစိုက်ပျိုးရေး


သံပုရာ တစ်ပင်နှင့် တစ်ပင် တစ်တန်းနှင့် တစ်တန်း (၁၂)ပေပတ်လည်သော် လည်းကောင်း၊ (၁၅)ပေတန်းနှင့် တစ်ပင်နှင့်တစ်ပင် (၁၀)ပေခြားသော် လည်းကောင်း ပန္နရိုက်စိုက်ပျိုးနိုင်သည်။ စိုက်ကျင်းကို (၂×၂×၂) ၂ပေ ပတ်လည်တူးပြီး၊ အပေါ်ယံမြေ (၁/၃)ပုံ၊ မြေမပြည့်သေးပါက ၎င်းကျင်းပတ် လည်မှ အပေါ်ယံမြေ (Top Soil) ကိုလွှာယူပြီး ပြည့်သည်အထိထည့်မွှေပါ။

(မြေဆွေးများမထည့်မီ စိုက်ကျင်းကို မီးသင်းပေးပါက ပိုးမွှားရောဂါ သက်သာ ပြီးအပင်ပိုမိုဖြစ်ထွန်းစေပါသည်။)

- သမပြီးသောစိုက်ကျင်းတွင် မစိုက်မီရေလောင်းပြီး တစ်ပတ်ခန့်မြေနှိပ် ထားရန်လိုပါသည်။(ကျင်းတွင်လည်း ဓာတ်မြေသြဇာ N.P.K အချိုးတူရောစပ် ပြီး တစ်ကျင်းလျှင် နို့ဆီ (သို့မဟုတ်) ပေါင် (၁/၁)ထည့်ပေးပါက အပင်အထ မြန်နိုင်သည်။)

- အပင်ကိုစိုက်ကျင်းတွင်စိုက်ပျိုးသောအခါ မိုးဒဏ်၊ လေဒဏ်၊ တိရစ္ဆာန် ဒဏ် မှ ကာကွယ်ရန် တိုက်ငုတ်တစ်ခုစိုက်၍ အပင်မလှုပ်ရန် ချည်နှောင် ထားရန်လိုပါသည်။ စိုက်ပျိုးထားသော သံပုရာပင်များကိုလည်း (၂)လခန့် အနည်းဆုံး ပေါင်းရှင်းခြင်း ကိုရှောင်ပါ။

- စိုက်ပင်များရွက်နုထွက်လာေသာအခါ ပိုးမွှားရောဂါကျတတ်၍ ကြိုတင် ပြီး တစ်လတစ်ကြိမ် (သို့) နှစ်ကြိမ်ဆေးဖျန်းပေးရန်လိုပါသည်။

- စိုက်ပျိုးပြီး (၆)လခန့်ကြာသောအခါ ဒုတိယအကြိမ် အစာကျွေးခြင်း ၊မြေဆွခြင်းများ ပြုလုပ်ရပါသည်။ (မြန်မာနိုင်ငံအနေဖြင့် သင့်တော်သော စိုက်ချိန်မှာ ဇွန်လနှင့် ဇူလိုင်လဖြစ်သော်လည်း ရေပေးနိုင်ပါက တစ်နှစ်ပတ် လည်စိုက်နိုင်ပါသည်။)

- တစ်ဧကလျှင် အပင် (၃၀၀)စိုက်ပျိုးနိုင်သည့်အတွက် လိုအပ်သော ပျိုးပင် များ၊ လိုအပ်သောမြေသြဇာများကို မစိုက်ပျိုးမည် ကြိုတင်စုဆောင်းရန် လိုအပ် ပါသည်။

Credit:Pissaya_Info
ဗဟုသုတ​ကျေးရွာ

ကြက်​​မောက်​စိုက်​ပျိုးနည်း




စီးပွားဖြစ် ကြက်မောက်ခြံ တည်ထောင် စိုက်ပျိုးမည် ဆိုလျှင်ကြက်မောက်သီးသည် အရည်ရွှန်း သည်။ ချိုမွှေးသော အရသာ ရှိသဖြင့် လူတိုင်းကြိုက် နှစ်သက်သည်။ ကြက်မောက်၏ မူရင်းဒေသသည် မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံတို့ဖြစ်သည်။ အင်္ဂလိပ် အမည် RAMBUTAN ဖြစ်ပြီး SAPINDACEAE မျိုးရင်းဝင် ဖြစ်သည်။

ကြက်မောက်ပင်တွင် အဖိုပွင့်ပွင့် သော အဖိုပင်များ၊ (အစေ့ စိုက်ပင်များ၏ ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းသည် အဖို ပင်များဖြစ်သည်။)၊ လိင်စုံပန်းပွင့်ပြီး တချို့ အပင်များသည် အမပွင့်ကဲ့သို့ လုပ်ဆောင် သော အပင်များ၊ လိင်စုံပန်းပွင့်ပြီး တချို့ သောအပွင့်များသည် အမပွင့်ကဲ့သို့ လုပ် ဆောင်ပြီး၊ တချို့အပွင့်များသည် အဖိုပွင့်ကဲ့သို့ တာဝန်ထမ်းဆောင်သည့်အပင်များ
 (ဤအပင်အမျိုးအစားမှာ များစွာတွေ့ရှိရ ပြီး၊ အဖိုပွင့်ရာခိုင်နှုန်း နည်းတတ်ပါ သည်။) ကြက်မောက်ကို စီးပွားဖြစ်စိုက်ပျိုး မည်ဆိုလျှင် မျိုးရွေးချယ် မှုသည် အဓိကကျသည်။

ကြက်မောက်သီးတွင် အသားအစေ့ ကပ်သည့်မျိုးနှင့် အသားအစေ့မကပ်သည့် မျိုးဟူ၍ နှစ်မျိုးခွဲကြသည်။ မြန်မာမျိုး ကန်ကလေး (၁)၊ (၂) မျိုး၊ မလေးရှားမှR3 (Reng Thug Cheng), R 134, R 160 (Khaw Tow), R 161 (Lee Long), R162 (Ong Heok)မျိုးများ၊ ထိုင်းနိုင်ငံမှ Rongrien, Seechompoo, Bang Yee Khan, See tong မျိုးများ၊ အင်ဒိုနီးရှားနိုင်ငံမှ Lebakulus, Banjai, Rapiah, Seematjaan မျိုး များ၊ ဖိလစ်ပိုင်နိုင်ငံမှ Maharlika, See-matjaan, Seejona မျိုးများနှင့် စင်ကာပူ နိုင်ငံမှ Jitlee (Dek), R-37, Ah Kow Cheng, Kim San Cheng စသည့်မျိုးများသည် အရည်အသွေးလည်းကောင်း၊ အထွက်လည်းကောင်း သဖြင့် စိုက်ပျိုးသင့်သည်။

ကြက်မောက် စီးပွားဖြစ်စိုက်ပျိုးရန် မျိုးရွေးချယ်ရာတွင် အထွက်ကောင်းခြင်း၊ အသီးအရွယ်အစားကြီးခြင်း၊ (တစ်လုံး ၃၄ ဂရမ်ထက် ပိုရမည်။)၊ အရသာချိုမွှေးခြင်း၊ အသားအစေ့တွင် ကပ်မှုနည်းခြင်း၊ ဆွဲ ဆောင်မှုအရောင်းအသွေးရှိခြင်း၊ နှစ်စဉ်ပုံ မှန်သီးဖပွင့် သည့်မျိုး ဖြစ်ခြင်း စသည့် အရည်အသွေး ကောင်းများကို အခြေခံ၍ ရွေးချယ်ရန် လိုသည်။

ကြက်မောက် ပင်သည် အများ အားဖြင့် တောင်မြောက် လတ္တီတွဒ် ၁၂ ဒီဂရီ အတွင်း စိုက်ပျိုးဖြစ်ထွန်းပြီး၊ အပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်မှ ၃၀ ဒီဂရီစင်တီဂရိတ် တွင် ပို၍ အောင်မြင်သည်။ ပင်လယ်ရေ မျက်နှာပြင်မှ မီတာ ၇၀၀ အတွင်းသည် အသင့်တော်ဆုံးဖြစ်သည်။ နှစ်စဉ် တစ်နှစ် ပတ်လုံးမိုးရွာသွန်းမှုညီညာ​ပြီး မိုးရေချိန် ၂,၀၀၀ မီလီမီတာမှ ၅,၀၀၀ မီလီမီတာရှိရန် လိုအပ်ပါသည်။

မိုးမရွာသောလများတွင် ရေသွင်းပေးရန် လိုအပ်ပါသည်။ အပူချိန် ၁၀ ဒီဂရီစင်တီဂရိတ်နိမ့်လျှင် အပင်ကြီးထွားမှု ထိခိုက်စေပြီး အပူ ချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက်မြင့်ပါကအပင်ကြီးထွားမှု ရပ်တံ့စေသည်။ ပန်းဖူး ဖြစ်ပေါ်စေရန်အတွက် ခြောက်သွေ့သောကာလ အနည်းဆုံးတစ်လခန့် လိုအပ်သည်။

ကြက်မောက်ပင်သည် မြေမျိုးအစား အမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်း သစ် ဆွေးဓာတ်ကြယ်ဝပြီး ရေစိမ့်အား ကောင်းသည့်သဲနှုန်းမြေတွင် အပင်ကြီးထွားမှုနှင့် သီးထွက်ကောင်းစေသည်။ ဓာတ်မြေသြဇာ နှင့် သဘာဝမြေသြဇာ ထည့်ပေးနိုင်ပါက ဂဝံမြေနီတွင်လည်း စိုက်ပျိုးနိုင်သည်။ ဏံ ၄ ဒသမ ၅ မှ ၆ ဒသမ ၅ သင့်တော်ပြီး၊ သံ ဓာတ်နှင့် သွပ်ဓာတ်ချို့တဲ့မှု ဖြစ်ပါက ရေစီးဆင်းစိမ့်ဝင်မှုကောင်းေအာင် ပြုပြင်ပေးရန် လိုသည်။ မြေအောက်ရေ၏ ရေမျက်နှာပြင် အမြင့်သည် မြေမျက်နှာပြင် သုံးမီတာမှ လေးမီတာထက် မနည်းသင့်ပေ။

ကြက်မောက်စိုက်ခင်း ထူထောင်ရန် အတွက် ပျိုးပင်ရရှိသည် အဓိကဖြစ်သည်။ ပျိုးပင်ပွားရာတွင် ဒိုင်းပုံအဖူးဆက်ခြင်း၊ လေးဒေါင့်ကွက် အဖူးမြှုပ်ခြင်း၊ Forkert Budding နည်းဖြင့် အဖူးမြှုပ်ခြင်း၊ အကိုင်းဆက်ခြင်း၊ မြေထုပ်စည်းခြင်းနည်းများဖြင့် ပျိုးပင် ထုတ်လုပ်နိုင်သည်။ (ကြက်မောက် ပျိုးပင်ထုတ်လုပ်နည်း အသေးစိတ်ကို ဖော်ပြပြီး ဖြစ်ပါသည်။)

ကြပ်မောက်စိုက်ပျိုးမည့် စိုက်ခင်းမြေ နေရာအား မြေယာရှင်းလင်းခြင်း၊ မီးရှို့ခြင်း၊ စိုက်ခင်းများ ပနက်ရိုက်ခြင်း၊ စိုက်ကျင်း များတူးခြင်း၊ ကျင်းစာကြေးခြင်း၊ ရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း လုပ်ငန်းများ ကို ဦးစွာမ တည်ဆောင်ရွက်ရန် လိုပါသည်။

ကြက်မောက်စိုက်ပျိုးရန် တန်းကြား ၁၂ ပေ၊ ပင်ကြား ၁၂ ပေ၊ စတုရန်းပုံ စိုက် ပျိုးရေးစနစ်သည် အသုံးများသည်။ အပင် ၃၀၀ကျော်ခန့် ဝင်ဆန့်သည်။ တချို့သော နိုင်ငံများတွင် စတုရန်းပုံအလယ်တွင် တစ် ပင်စိုက်စနစ် အသုံးပြုကြသည်။ ငါးပွင့် ဆိုင် စနစ်ဖြစ်သည်။ အလယ်တွင် စိုက်ခဲ့သော အပင်ကို အသီးများနှစ်စဉ်ယူပြီးလျှင်
 ရှစ်နှစ် ၁၀ နှစ်သက်ရလျှင် ခုတ်ပစ်သည်။

Rongrien, R-9, R-၁၅၆ ကဲ့သို့ အပင်ကြီး မျိုးများဆိုလျှင် ပင်ကြားတန်းကြား အကွာ အဝေးကို အကျယ်ယူစိုက်ပျိုးကြသည်။ စိုက်ကျင်းကို မိုးမကျမီ ဧပြီလတွင် အကျယ် သုံးပေပတ်လည်၊ အနက် သုံးပေ တူးပြီး၊ တူး၍ရရှိသော အပေါ်ယံ ခြောက် လက်မရှိ မြေစာများကို ညာဘက်တွင် ပုံ ထားရပါမည်။ အောက်မြေစာများကို ဘယ် ဘက်တွင် ပုံရပါမည်။ စိုက်ကျင်းထဲသို့ မြက်ခြောက်၊ကောက်ရိုး၊ သစ်ရွက်ခြောက် များထည့်၍ မီးရှို့ပြီး၊ မြေသင်းသပ်ပေးရန် လိုအပ်သည်။ နောက် ကောင်းစွာ ဆွေးမြေ့ နေသော မြေဆွေး၊ သစ်ဆွေးမြေ နှစ်ဆကို အပေါ်ယံ ခြောက်လက်မရှိသော မြေတစ်ဆ တို့ကို သမအောင်ရောမွှေပေးရန် လိုပါသည်။

ဂျစ်ပဆန်ကျောက်မှုန့် နို့ဆီတစ်ဘူး၊ N:P:K (၁၅: ၁၅: ၁၅) ဓာတ်မြေသြဇာ နိုဆီဘူး တစ်ဘူးခွဲ၊ မြေအောင်း ပိုးသတ်ဆေး စတီးဇွန်း တစ်ဇွန်းတို့ကို ရောစပ်၍ မြေဆွေးနှင့် ရောပြီး ကောင်းစွာသမအောင် ရောမွှေ ပေးပါ။ ရောပြီးသော မြေဆွေး ဓာတ်မြေသြဇာ အရောမြေကို ကျင်းအောက်ခြေမှတူး ၍ရသော (ကျင်းဘယ်ဘက်တွင် ပုံထား သော) မြေနှင့် ၃း၁ အဆဖြင့် ရော၍ သမ အောင် မွှေပြီး စိုက်ကျင်းထဲသို့ ထည့်ပေးရ မည်။ မြေမဟာစေရန် ခြေဖြင့် ဖွဖွနင်း သိပ်ပေးရန် လိုပါသည်။

မိုးမကျမီအတွင်း အပင် မစိုက်မီ ကျင်းကို ရေတစ်ပတ်တစ်ကြိမ် မှန်မှန်လောင်းပေး ရမည်ဖြစ်သည်။ ကြပ်မောက်စိုက်ပျိုးမည့်မြေကို ဓာတ်ခွဲ ကြည့်ပါက မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့နေလှျင် ဒိုလိုမိုက်ကျောက်မှုန့် ၂၀၀ ဂရမ်ကို တစ်ကျင်းနှုန်း ထည့်ပေးရန် လိုအပ်ပါသည်။ မိုးဦးကျ၍ မိုးမှန်လာပြီဆိုပါက ကောင်းစွာသန်စွမ်းဖွံ့ဖြိုးနေသော ပျိုးပင်များကို စိုက်ကျင်းအတွင်းသို့ မြေလုံးမကွဲ၊ အမြစ်မပြတ်စေရန် ဂရုပြုပြီး စိုက်ပျိုးရမည် ဖြစ်သည်။ စိုက်ပျိုးပြီး ပါက အပင်ခါ မချောင်စေရန် အပင်ခြေ ပတ်ပတ်လည် ခြေဖြင့် ပတ်နင်းပေးရန် ဖြစ်သည်။ ၎င်း နောက်လေတိုက်လျှင် ယိုင်မသွားစေရန် လေးပေ အရည် ဝါးငုတ်တိုင်စိုက်၍ အပင်ကို ဝါး ငုတ်တိုင်နှင့် ချည်​​ပေးထားရန်ဖြစ်သည်။

လေတိုက်၍ ယိုင်ခြင်း၊ ခါချောင်၍ အပင်လှုပ် နေလျှင် အမြစ်တော်တော်နှင့် မစွဲဘဲ သေ သွားနိုင်ပါသည်။ အလွန်အရေးကြီးသော အချက်ဖြစ်သည်။ အပင်စိုက်ပျိုးပြီးလျှင် တစ်ပင်ချင်း ရေဝအောင် လောင်းပေးရန် လိုအပ်သည်။ ကြက်မောက်ပင်စိုက်ပျိုးပြီး
 ခြောက်လမှ ရှစ်လအထိ အရိပ်လုပ်ပေးရန် လိုပါ သည်။ လေတိုက်မှု ခံနိုင်အောင် တစ်ပင်ချင်းအား လက်ငယ်၊ အုန်းလက်၊ ဓနိစသည်များဖြင့် လေကာလုပ်ပေးရန် လိုပါသည်။ အပင်တစ်နှစ်သားအရွယ်တွင် ပုံသဏ္ဌာန်မှန် အောင် ပုံသွင်းပေးခြင်းသည် သီးထွက် ကောင်းကောင်း ရရှိစေရန် အထောက်အကူ ပြုစေပါသည်။

အပင်ပုံသွင်း ပေးပါက သစ်ကိုင်းဂွကျယ်သော အပင်များ ဖြစ်လာ ပါသည်။ ထိုင်းနိုင်ငံတွင် အထူးသဖြင့် Rongrien မျိုးများတွင် Modified ပင်မ အညွန့်ကို ၇၀ စင်တီမီတာအထိ ကြီးထားစေ ပါသည်။ သန်စွမ်းပြီး ဒေါင့်ကျယ်သော ဘေးကိုင်း သုံးကိုင်းမှ လေးကိုင်း ဖွံ့ဖြိုးကြီးထွား လာအောင် ထားပါသည်။ ဤကိုင်းကြီး များသည် ပင်မကိုင်းကြီးများဖြစ်လာပြီး၊ ဒုတိယ နှစ်တွင် ၎င်း ကိုင်းကြီးများကို ဖြတ်ပေးခြင်း ဖြင့် ဒုတိယကိုင်းများ ထွက်လာစေပါသည်။

နောက်ပိုင်းတွင် ရေတက်များ၊ ကြားကိုင်း များ၊ ကိုင်းသေကိုင်းခြောက်များကို ဖြတ် ပေးရန်သာ ဖြစ်ပါသည်။ ကြက်မောက်ပင်နှစ်စဉ် သီးထွက် ကောင်းပြီး၊ နှစ်စဉ်သီးနေစေရန် အပင်ငယ်မှစ၍ ဂရုပြုပြီး ပြုစုစောင့်ရှောက်မြေသြဇာ ကျွေးရန် လိုပါသည်။ သုံးနှစ်သားအရွယ် အသီးသီးချိန် NPK တစ်နှစ်လျှင် သုည ဒသမ ၅ ကီလိုဂရမ် လိုအပ်ပါသည်။ အသီးအများဆုံး ထွက်သည့်အချိန်တွင် NPK တစ်နှစ်လျှင် ငါးကီလိုဂရမ်နှုန်း ထည့်ပေးရန် လိုအပ်ပါသည်။

တစ်ပင်လျှင် သဘာဝမြေဆွေး တစ်တင်းမှ တစ်တင်းခွဲ ထည့်ပေးရန် လိုပါသည်။ အပင်သက်တမ်း တစ်ဖြည်းဖြည်း ကြီးလာသည်နှင့်အမျှ သီးနှုန်း တက်လာပါ မည်။ နှစ်စဉ်သီးထွက်ကောင်းပြီး၊ နှစ်စဉ် အသီးသီးနေစေရန် အပင်ဇီဝကမ္မဖြစ်စဉ်နှင့် ကိုက်ညီ၍ ဓာတ်မြေသြဇာ ေ​ကျွးပေးနေရန် လိုအပ်ပါသည်။ အောက်ပါမြေသြဇာနှုန်း ထားများကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြု
 လျှင် ပိုကောင်းပါသည်။

ကြက်မောက်ပင်သည် အနည်းလို အာဟာရဓာတ်များ ချို့တဲ့ပါက သီးထွက် နှုန်းနှင့် အသီးတင်မှုကို ထိခိုက်စေပါသည်။ မဂ္ဂနီစီယမ်ဓာတ်များ ချို့တဲ့ပါလျင် အရွက် မွှားများ အရွယ်အစားသေးငယ်ခြင်း၊ ရွက် ကြောစိမ်းများကြား အရောင်ပျက်ခြင်း၊ အရွက်ကြွေခြင်း၊ ပန်းပွင့်နည်းခြင်း၊ အမြစ် ဖွံ့ဖြိုးမှုအားနည်းခြင်း စသည့်လက္ခဏာများ ဖြစ်ပေါ်သည်။ မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့ပါက Ethephon 15 ppm တစ်ရာခိုင်နှုန်းမှ နှစ်ရာခိုင်နှုန်း ပြင်းအားကို အရွက်ပေါ်ဖျန်းပေးခြင်း၊ ဒို့လို မိုက်ကျောက်မှုန့်ကို အပင်ခြေတွင် ထည့်ပေးခြင်းမျာ ပြုလုပ်ပေးရန် လိုအပ်သည်။ ကယ်လ်စီယမ်ချို့တဲ့ပါက အပင်ခြောက် လာခြင်း၊ အရွက်ကြီးထွားမှု နှေးကွေးခြင်း၊ အပင်ကြီးထွားမှုအပိုင်းများ ရပ်တန့်ခြင်း၊ ထိခိုက်ခြင်းအတွက် မဖောက်ထုံး၊ သို့မဟုတ် ဒို့လိုကျောက်မှုန့်ကို အပင်မစိုက်မီ ကတည်းက ထည့်ပေးရန်လိုသည်။

သို့ရာ တွင် ထုံးပါသောပစ္စည်းများကို အပင်ငယ် စဉ်တွင် ထည့်ပေးပါက အနည်းဆုံးအရေ အတွက်သာထည့်ပေးရန် သတိပြုသင့်သည်။ သွပ်ဓာတ်ချို့တဲ့မှု မရှိသော်လည်း ဇင့်ဆာလ်ဖိတ် နှစ်ရာခိုင်နှုန်း ပြင်းအားဖြင့် တစ်နှစ်လေးကြိမ် ဖျန်းပေးနိုင်ပါက အထွက်နှုန်းကောင်းမှုကို အကျိုးပြုစေပါသည်။ ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ များကို ထည့်ရာတွင် အပင်၏ အရွက်အုံ အဝန်းအဝိုင်း၏ ဧရိယာတည့်တည့်တွင် မြောင်းတူး၍ထည့်ပေးရန် သတိပြုသင့်သည်။

ပန်းပွင့်ရက် ၁၀ ရက်မှ ၁၃ ရက်ခန့် စောစေရန် နအ့နစ့သည ၁၅ စစာ မှ ၂၀၀ စစာ ဖျန်းပေးခြင်းဖြင့် ရရှိနိုင်သည်။ မှည့် နေသောအသီးကို ဗြဗ ဖျန်းပေးခြင်းဖြင့် အသီးဆွတ်ခူးချိန်ကို နောက်ကျစေနိုင် သော်လည်း မဆွတ်ခူးရသေးသော အသီး များအတွင်းရှိအစေ့များ အပင်ပေါက်လာ စေနိုင်ပါသည်။ ဗြဗ ၂၀၀ စစာ ကို ွဗ ၂၀ စစာ နှင့်ရောဖျန်းခြင်းဖြင့် အသီးတင်မှုများ စေနိုင်သည်။

အသီးတင်မှုကောင်းစေရန် အတွက် ပန်းပွင့်အရေအတွက် တစ်ဝက် ခန့်ပွင့်ချိန်တွင် ဖျန်းပေးပါက ပို၍ထိရောက်သည်။ အသီးကြွေမှု ကင်းဝေးစေရန်အတွက် အသီးတင်ပြီး တစ်လအကြာတွင် ဖျန်းပေး ရန် လိုအပ်သည်။ ကြက်မောက်ပင်၏ အသီးအရောင်တိုးတက်မှုမှာ အလင်းရောင်ရရှိမှု၊ အလင်း ပြင်အားတို့နှင့် ဆက်စပ်မှုရှိနေပြီး၊ အသီး အခွံအနီရောင်ဖြစ်ပေါ်မှုမှာ Anthocyanin ထုတ်လုပ်မှုအပေါ် အဓိက တည်မီနေသည်။

အသီးအဆံချောင်ခြင်း၊ အချဉ်ဓာတ်များ ခြင်း၊ အရသာမချိုမွှေးခြင်းတို့မှာ အသီး ကြီးထွားချိန်တွင် ခြောက်သွေ့သောပတ် ဝန်းကျင်ဖြစ်ပေါ်ခြင်းကြောင့် ဖြစ်ရသည်။ အသီးကြီးထွားမှု နောက်ပိုင်းကာလ မိုး သည်းထန်စွာ ရွာသွန်းမှုနှင့် ကြုံရပါက အသီးအက်ကွဲတတ်ပါသည်။ ထိုင်းနိုင်ငံတွင် အသီးကို ပန်းပွင့်စုံပြီး ရက် ၉၀ မှ ရက် ၁၀၀ တွင်လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံတွင် ပန်းပွင့်စုံပြီးနောက် ရက် ၉၀ မှ ရက် ၁၀၀ ရက်တွင်လည်း ကောင်း၊ မလေးရှားနိုင်ငံတွင် ပန်းပွင့်စုံပြီး ရက် ၁၀၀ မှ ရက် ၁၃၀ ရက်တွင်လည်းကောင်း အသီးဆွတ်ခူးကြသည်ကို တွေ့ရှိ ရသည်။

အသီးအရောင်စတင်ဖြစ်ပေါ်ပြီး ၁၆ ရက်မှ ၁၈ ရက်တွင် စျေးကွက်တင်ပို့ နိုင်ပြီဖြစ်သည်။ အပင်တစ်ပင်တွင်ရှိ အသီး အားလုံးရင့်မှည့် လာရန်အတွက် ရက် ၃၀ ခန့် လိုအပ်ပါသည်။ မလေးရှားနှင့် ထိုင်း နိုင်ငံတို့တွင် အသီးတစ်လုံးချင်း ရောင်းချ ကြသည်ကိုတွေ့ရသည်။ အင်ဒိုနီးရှား နိုင်ငံတွင် ငါးရက်တစ်ကြိမ် အသီးဆွတ်ခူးလေ့ ရှိပါသည်။

နိုင်ငံအလိုက် စားသုံးသူကြိုက်နှစ် သက်မှု ကွဲပြားကြပါသည်။ ဥရောပ အကြိုက်မှာ အမျှင်မပါဘဲ အသားနှင့်အစေ့ ကပ်မနေသော မျိုးဖြစ်ပါသည်။ အာရှ အကြိုက်များ ကြတ်ဆတ်ပြီး အစေ့မပါဘဲ အရသာချိုမွှေး အရည်ရွှန်းမျိုးဖြစ်ပါသည်။ ယေဘုယျအားဖြင့်အသီး တစ်လုံးအလေး ချိန် ၃၀ ဂရမ်ထက်ပိုခြင်းကို ကြိုက်နှစ်သက် ကြသည်။ ပန်းရောင်မျိုးအတွက် အသီး၏ အလေးချိန်တစ်ကီ လိုဂရမ်လျှင် အထူးတန်း ၂၈ လုံး၊ ဒုတိယတန်း ၃၆ လုံးရှိရန် စံသတ်မှတ်ထားပါသည်။

ကြက်မောက်သီများ ထုပ်ပိုးရန် အတွက် ဖိုင်ဘာကဒ်ထူပုံးများ အသုံးပြုပြီး၊ မပို့မီ ၁၃ စင်တီဂရိတ်၌ သိုလှောင်ထား နိုင်ပါသည်။ အသီးများ ကဒ်ထူပုံးများ အတွင်းသို့ ထည့်ရာတွင် အစိုဓာတ် ထိန်း ကြားခံပစ္စည်းတစ်မျိုးမျိုး ထည့်သွင်းပါက အသီးများ လတ်လတ်ဆတ်ဆတ် ကြာ ရှည်ခံသည်ကို တွေ့ရှိရသည်။ အပေါက် ဖောက်ထားသော ပလပ်စတစ်အိတ်တွင် ထည့်သွင်းထုပ်ပိုးလျှင် အပူချိန် ၁၀ ဒီဂရီ စင်တီဂရိတ်သည် အသင့်တော်ဆုံးဖြစ် သည်။ စျေးကွက်တွင် ၁၀ ရက်ထိ အထားခံသည်။

အပူချိန်ခုနစ်ဒီဂရီ စင်တီ ဂရိတ်ထက် နည်းပါက ရေစိုနာဖြစ်ပေါ်တတ်ပါသည်။ ကြက်မောက်၏ နိုင်ငံတကာစျေး ကွက်ဝင် အရည်အသွေးရှိ စံအထွက်နှုန်းများ ကိုကြည့်ပါက ထိုင်းနိုင်ငံတွင် ၁၂ နှစ်သား တစ်ပင်မှ ၃၀၀ ကီလိုဂရမ်၊ အင်ဒိုနီးရှား နိုင်ငံတွင် တစ်ဟတ်တာ ၄ ဒသမ ၅ ကီလိုဂရမ်၊ မလေးရှားနိုင်ငံတွင် ၁၅ နှစ်သားတစ် ပင်မှ ၁၆၅ ကီလိုဂရမ်၊ ဖိလစ်ပိုင်နိုင်ငံ အပင်ကြီးတစ်ပင်မှ၂၀၀ ကီလိုဂရမ်မှ ၃၀၀ ကီလိုဂရမ်၊ သြစတြေးလျနိုင်ငံတွင် ခြောက် နှစ်သား အပင်တစ်ပင်မှ ၈၀ ကီလိုဂရမ်မှ ၁၂၀ ကီလိုဂရမ်၊ စင်ကာပူနိုင်ငံတွင် အပင် ကြီးတစ်ပင်မှ ၁၅၀ ကီလိုဂရမ်မှ ၁၈၀ ကီလိုဂရမ်နှုန်းများ ထွက်ရှိသည်ကို တွေ့ရှိရ သည်။ မြန်မာနိုင်ငံတွင် ၁၀ နှစ်သားတစ် ပင်မှ အသီးကီလိုဂရမ် ၃၀၀ ထွက်ရှိသော် လည်း နိုင်ငံတကာစျေးကွက်ဝင် အရည် အသွေးမီ စံမီအသီးမှာ တစ်ပင် ၂၀ ကီလို ဂရမ်မှ ၃၀ ကီလိုဂရမ်သာ ထွက်ရှိသည်။ နည်းပညာပိုင်းဆိုင်ရာ များစွာကြိုးစားရန် လိုနေသေးသည်ကို ထောက်​ပြနေသည်။

သို့ပါ၍ စီးပွားဖြစ် ကြက်မောက်ခြံ တစ်ခြံတည်ထောင်မည်ဆိုပါက အထက်ပါ နည်းပညာများဖြင့် ဖြည့်ဆည်းပံ့ပိုးပေးရန် လိုအပ်ပါကြောင်း တင်ပြလိုက်ရပါသည်။

Credit: အောင်ဆန်း (စိုက်ပျိုးရေး)
ဗဟုသုတ​ကျေးရွာ

နာနတ်​ စိုက်​ပျိုး​နည်း​


မျိုး​များ​

နာနတ်​သီး​တွင်​မျိုး​အုပ်​စု (၃)​ခု ရွိပါသည္​။

Cayenne အုပ်​စုသည်​ အဓိကအ⁠ရေး​ပါ⁠သော အုပ်​စု⁠ဖြစ်​⁠ပြီး​၊ ၄င်​း​အုပ်​စုတွင်​ Kew မျိုး​များ​ပါဝင်​ပါသည်​။ Kew အသီး​အရွက်​ အစား​(၂.၃ -၃.၆)​ ကီလိုဂရမ်​ထိ⁠ကြီး​မား​သည်​။ စည်​သွတ်​ရန်​ သင့်​⁠တော်​⁠သောမျိုး​⁠ဖြစ်​သည်​။ အသား​ အဝါ⁠ရောင်​ရှိ⁠ပြီး​ အ​ရောင်ရွှမ်း​သည်​။ အရွက်​၏ အဖျား​ ပိုင်​း​ရွက်​နား​တွင်​သာ ဆူး​အနည်​း​ငယ်​ ပါရှိပါသည်​။

Queen အုပ်​စုတွင်​ ပါဝင်​⁠သော မျိုး​များ​မှာ လတ်​လတ်​ဆတ်​ဆတ်​ စား​ရန်​အတွက်​ ⁠ဖြစ်​သည်​။ အသီး​အရွယ်​အစား​ ငယ်​⁠လေ့​ရှိသည်​။ Queen အုပ်​စုတွင်​ပါဝင်​⁠သော မျိုး​⁠ပြား​အလိုက်​ အသီး​အရွယ်​အစား​ (၀.၄၅ မှ ၂.၇)​ ကီလိုဂရမ်​အထိရှိပါသည်​။ အရည်​အ⁠သွေး​အ⁠နေ⁠ဖြင်​့​ စည်​သွတ်​ ရန်​အတွက်​ မသင်​့​⁠တော်​ပါ။

မြေအမျိုးအစား

⁠​မြေဆီ⁠ဩဇာ ထက်သန်ပြီး​ ရေစီးစိမ့်မှုကောင်းသော သဲဆန်​⁠သော⁠မြေ၊ ⁠နုန်းမြေ ဂဝံမြေနီများ​သည်​ နာနတ်​စိုက်​ပျိုး​⁠ရေး​အတွက်​ အသင့်​ ⁠တော်​ဆုံး​​​မြေများ​⁠ဖြစ်​သည်​။ အသင့်​⁠တော်​ဆုံး​ ⁠မြေအချဉ်​ခံဓါတ်​ pH မှာ (၅.၅ – ၆)​ ⁠ဖြစ်​သည်​။

ရာသီဥတု

အသင့်​⁠တော်​ဆုံး​အပူချိန်​မွာ (၁၅.၅ -၃၂.၅)​ ဒီဂရီစင္​တီဂရိတ်တွင်ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင် အမြင့် (၁၅၂၅)​ မီတာအထိ စိုက်​ပျိုး​⁠နိုင်​ ပါသည်​။ အသင့်​⁠တော်​ဆုံး​ မိုး​⁠ရေချိန်​မှာ (၁၅၀)​ စင်​တီမီတာ ⁠ဖြစ်​ပါသည်​။

၁။ Slip အသီးအောက်မှထွက်လာသော သားတက်

၂။ Sucker ပင်စည်မှထွက်လာသော အပင်

အသီး​⁠အောက်​မှထွက်​လာ⁠သော သား​တက်​များ​ Slip စိုက်​ပျိုး​⁠ခြင်း​သည်​ ပင်​စည်​မှထွက်​လာ⁠သော သား​တက်​ Sucker စိုက်​ပျိုး​⁠ခြင်း​ထက်​ ပို⁠ကောင်း​⁠ပြီး​ ၄င်း​⁠နှစ်​မျိုး​က အသီး​⁠ပေါ်ရှိအပင်​ Crown ကို စိုက်​ပျိုး​⁠ခြင်း​ထက်​ ပို⁠ကောင်း​ပါသည်​။

အကယ်​၍ Slip ကို မရရှိ⁠နိုင်​ပါက အ⁠လေး​ချိန်​ ၅၀၀ ဂရမ်​ရှိ Sucker များ​ကိုစိုက်​ပျိုး​⁠ခြင်း​က အ⁠ကောင်း​ဆုံး​⁠ဖြစ်​ပါသည်​။ အကယ်​၍ Slip အထွက်​များ​⁠သော မျိုး​⁠ဖြစ်​ပါက အ⁠လေး​ချိန်​ ၃၅၀ ဂရမ်​ရှိ Slip မှာ အ⁠ကောင်း​ဆုံး​⁠ဖြစ်​ပါသည်​။

Slip များ​မှာ ညီညာ⁠ပြီး​ အရွယ်​အစား​⁠ကြီး​⁠သော အသီး​များ​သီး​၍ Sucker များ​မှာ Slip ထက်​ သီး​ပွင့်​မှု အနည်း​ငယ်​ ပို⁠စောပါသည်​။ Crown အပင်​များ​မှာ အသီး​ထွက်​ ရက်​ (၇၀)​ ခန့်​ ⁠နောက်​ကျပါသည်​။ အချို့​မျိုး​များ​တွင်​ Slip မထွက်​ပါ။

စိုက်​ပျိုး​သည့်​ သား​တက်​အမျိုး​အစား​ ကွဲ⁠ပြား​သည်​⁠နှင့်​အမျှ အပင်​⁠ကြီး​ထွား​မှု မညီမညာ⁠ဖြစ်​ကာ အသီး​အထွက်​လည်း​ မညီညာ⁠ကြ⁠ချေ။ ဤအချက်​သည်​ တစ်​⁠နှစ်​ပတ်​လုံး​ နာနတ်​သီး​မ⁠ပြတ်​ ထွက်​ရှိ⁠ရေး​တွင်​ ⁠ဆောင်​ရွက်​ရန်​ လိုအပ်​ချက်​တစ်​ခု ⁠ဖြစ်​သည်​။

စိုက်​ပျိုး​⁠ခြင်း​

စိုက်​ပျိုး​စနစ်​မှာ မြေမျက်​⁠နှာ⁠ပြင်​အ⁠နေအထား​⁠နှင့်​ မိုး​⁠ရေချိန်​⁠ပေါ် မူတည်​၍ ကွဲ⁠ပြား​ပါသည်​။

(က)​ စိုက်​ကျင်း​ ⁠ပြုလုပ်​စိုက်​ပျိုး​⁠ခြင်း​

⁠မြေဆီလွှာတိုက်စားမှုမရှိသော ⁠နေရာများ​တွင်​ ဤနည်း​⁠ဖြင့်​ စိုက်​ပျိုး​ပါသည်​။ (၁၅ – ၂၀)​ စင်​တီမီတာအနက်​ရှိ စိုက်​ကျင်း​များ​တူး​၍ စိုက်​ပါ။ မိုး​များ​⁠သော ⁠ဒေသများ​တွင်​ ⁠ရေ⁠နုတ်​⁠မြောင်း​⁠ပြုလုပ်ပေးပါ။

(ခ)​ ထယ်​⁠ရေး​⁠မြောင်း​ ⁠ပြုလုပ်​စိုက်​ပျိုး​⁠ခြင်း​

ကမ်းရိုးတန်း⁠ဒေသ မိုး⁠ရေချိန်အသင့်အတင့်ရှိ⁠သော ⁠နေရာများတွင် စိုက်ပျိုး⁠သော နည်းစနစ်⁠ဖြစ်ပါသည်။ ဤစိုက်ပျိုးစနစ်တွင် ⁠ရေသွင်း⁠ပေး ⁠ခြင်း မရှိပါ။ စိုက်ပျိုးရာတွင် (၃၀ -၄၀) စင်တီမီတာအနက်ရှိ တယ်⁠ရေး⁠ေ⁠မြာင်းအတွင်း အပင်စိုက်ပျိုး⁠ခြင်းနှင့် (၁.၂ – ၁.၅) မီတာ အကျယ် ရှိ ⁠ဘောင်⁠ပေါ်စိုက်ပျိုး⁠ခြင်းကို တလှည့်စီ စိုက်ပျိုးသွား⁠ခြင်း⁠ဖြစ်ပါသည်။

(ဂ)​ တူးမြောင်းရှည်​များ​ ⁠ပြုလုပ်​စိုက်​ပျိုး​⁠ခြင်း​

စိုက်​တန်း​ (၂)​တန်းဝင်​ စိုက်မြောင်းနှင့်စိုက်ပျိုးခြင်း ဖြစ်​ပါသည်​။ စိုက်​ကွင်း​တွင်​ စိုက်​⁠မြောင်းနှင့်စိုက်​⁠ဘောင်​တို့​တစ်​လှည့်စီ ဖြစ်​⁠နေပါမည်​။ ဆင်ခြေလျော ကုန်းစောင်းကို ကန့်လန့်​⁠ဖြတ်​၍ စိုက်​⁠မြောင်း ​များ​ တူး​ရပါသည်​။ စိုက်​⁠ မြောင်း အနက်​သည်​
 (၂၂.၅ – ၃၀)​ စင်တီမီတာရှိရပါမည်။
စိုက်​⁠မြောင်းတိုင်းတွင် (၁၀-၁၅) စင်တီမီတာ အနက်ရှိ ထယ်⁠ရေး⁠ေ⁠မြာင်းခပ်တိမ်တိမ်⁠နှစ်⁠ကြောင်း​⁠ပြုလုပ်​⁠ပြီး​ စိုက်​⁠မြောင်း နှုတ်​ခမ်း​မှ (၁၅)​ စင်​တီမီတာ ချန်​ထား​ကာ Sucker နှင့်​ Slip များ​ကို ထယ်​⁠ရေး​⁠မြောင်း ​များ​တွင်​ စိုက်​ပျိုး​ပါသည်​။ စိုက်​⁠မြောင်း ​တစ်​ခုအတွင်း​ စိုက်ကြောင်း​ (၂)​ ⁠ကြောင်းပြုလုပ်ပြီး
 စိုက်​ပျိုး​ရာတွင်​ စိုက်​ပျိုး​သည့်အပင်​များ​ တစ်​ပင်​⁠နှင့်​တစ်​ပင်​ မျက်​⁠နှာချင်း​ဆိုင်​ မ⁠ဖြစ်​⁠စေရပါ။ အပင်​လွှဲ၍ စို​က်​ပျိုး​ရမည်​။ စိုက်​စနစ်​ အား​လုံး​အတွက်​ ပင်​⁠ကြား​ (၂၅)​ စင်​တီမီတာ၊ တန်း​⁠ကြား​ (၆၀)​ စင်​တီမီတာ၊ စိုက်​⁠မြောင်းအကွာအ⁠ဝေး​ (၉၀)​ စင်တီမီတာဖြင့်​စိုက်လျင် တစ်​ဧက အပင်ဦးရေ (၃၄၈၅၀)​ ဝင်ဆန့်ပါသည်။

ဓာတ်မြေဩဇာကျွေးခြင်း

သီး​ထွက်​ တစ်​ရာသီအတွက်​ တစ်​ပင်​လျှင်​ ယူရီး​ယား​ (၂၆)​ ဂရမ်​၊ ပိုတက်​ရှိ(၁၉)​ ဂရမ်​ ထည့်သွင်း​⁠ပေး​ပါ။ အကယ်​၍ မြေဆီ⁠သြဇာ ညံ့​ဖျင်း​သည့်မြေ⁠ဖြစ်​လျင်​ တီစူပါ (၈)​ဂရမ်​⁠နှုန်း​ထည့်​⁠ပေး​ပါ။ ယူရီး​ယား​ကို (၂)​လခြား​ တစ်ကြိမ်နှင့် တစ်နှစ်လျှင်​ (၆) ကြိမ်​၊ ပိုက်တက်ရှိကို  (၂)​⁠ ကြိမ်ခွဲကျွေးနိုင်ပါသည်​။

ထည့်ရမည့် တီစူပါအား​လုံး​⁠နှင့် ထည့်ရမည့် ​ ပိုတက်​ရှိ တဝက်​ကို အပင်​စိုက်​ပျိုး​ချိန်​တွင်​ ထည့်သွင်းပေးပြီး ကျန်သည့် ပိုက်တက်ရှိကို မပင်စိုက်ပြီး (၆)လအကြာတွင်ထည့်သွင်းရန် ဖြစ်ပါသည်။ မိုး​⁠ရေ⁠သောက်​⁠နေရာတွင်​ ⁠​မြေ⁠ကြီး​အစိုဓါတ်​ရှိသည့် အချိန်​၌ ဓာတ်မြေဩဇာကို ထည့်သွင်းပေးရန် ဖြစ်ပါသည်။

မြေဖို့ပေးခြင်း

အပင်​များ​ အ⁠မြစ်​⁠ကောင်း​စွာစွဲရန်​အတွက်​ အပင်ခြေရင်းကို မြေဖို့​⁠ပေး​ပါ။ အသီး​သီး​⁠ပြီး​⁠သောအခါတွင်​ အပင်ခြေမှာမြင့်သွားသဖြင့် အပင်​⁠ခြေမြေဖို့ခြင်းမှာ
 လမိုင်း​ခင်း​များ​တွင်​ ပိုမိုအ⁠ရေး​⁠ကြီး​ပါသည်​။

အပင်​သိပ်​သည်​​စွာ စိုက်​ပျိုး​⁠ခြင်း​စနစ်​တွင်​ အပင်​များ​လဲမကျ⁠စေရန်​ တစ်​ပင်​⁠နှင့်​တစ်​ပင်​⁠​ထောက်​ကန်​ထား​သ⁠ဖြင့်​ အပင်​⁠ခြေ⁠မြဖို့​ရန်​ မလိုအပ်​ ပါ။

အပင်ခြေကို ⁠မြေကြီးဖုံအုပ်ပေးခြင်းဖြင့် ပေါင်းမြက်နှိမ်နင်းရာတွင်​ အ⁠ထောက်​အကူရ⁠ပြီး​ အစိုဓါတ်​ထိန်​⁠ပေး​သည်​။ အနက်​⁠ရောင်​ ပလပ်​ စတစ်​အစများ​ကို ⁠မြေဖုံး​ပစ္စည်​​အ⁠ဖြစ်​ အသုံး​⁠ပြု⁠ကြပါသည်​။ ⁠ကောက်​ရိုး​၊ ⁠မြက်​⁠ခြောက်​၊ လွှစာ⁠ဆေး​၊ စပါး​ခွံတို့​⁠ဖြင့်​ အပင်​⁠ခြေနှင့် အပင်​⁠ကြား​ တွင်​ ဖုံး​အုပ်​⁠ပေး​⁠နိုင်​ပါသည်။

SUCKER များ​၊ SLIP များ​⁠နှင့်​ CROWN များ​ဖယ်​ရှား​⁠ခြင်း​

ပန်း​ခိုင်​ထွက်​သည်​⁠နှင့်​ သား​တက်​များ​ စထွက်​လာပါသည်​။ အသီး​⁠ကြီး​ထွား​မှု⁠နှင့်​အတူ Slip များ​⁠ပေါက်​လာပါသည်​။ Slip များ​ စိုက်​ပျိုး​ရန်​ အရွက်​သို့​ ⁠ရောက်​လျှင်​⁠ရောက်​⁠ခြင်း​ ဖယ်​ရှား​⁠ပေး​ပါ။ Sucker အ⁠ရေအတွင်​များ​လျှင်​ အသီး​အ⁠လေး​ချိန်​ တိုး​တိုး​လာသ⁠ဖြင့်​ ဖယ်​ရှား​⁠ခြင်း​ကို ⁠နောက်​ကျ⁠နိုင်​သ⁠လောက်​ ⁠နောက်​ကျ၍ ထား​ရှိ⁠နိုင်​⁠သော်​လည်း​
 Slip များ​မှာ အသီး​မှည့်​မှုကို ⁠နောက်​ကျ ⁠စေပါသည်​။

အသီး​ဆွတ်​ခူး​⁠ပြီး​⁠နောက်​ မိခင်အပင်တွင်သားတက်တစ်ခုသာချန်ပြီး ကျန်​သား​တက်​အား​လုံး​ကို ဖယ်​ရှား​ပစ်​ပါ။ သား​တက်​များ​ ဖယ်​ရှား​⁠ပြီး​ ⁠မြေ⁠သြဇာ⁠ကျွေး​ပါ။ အပင်​⁠ခြေကိုလည်းမြေဖို့​⁠ပေး​ရပါမည်​။

ပန်းပွင်ရန်ဆောင်ရွက်ခြင်း

⁠ယေဘုယျအား​⁠ဖြင့်​ နာနတ်​ပင်​များ​သည်​ ပင်​ပိုင်း​ဆိုင်​ရာ⁠ကြီး​ထွား​မှု တစ်​ချိန်​ချိန်​သို့​⁠ရောက်​⁠သောအခါ ပန်း​စပွင့်​လာပါသည်​။ အပင်​စိုက်​⁠ပြီး​ (၁၁-၁၂)​လ အ⁠ကြာတွင်​ အပင်​၌ အရွက်​အနည်း​ဆုံး​ (၄၀)​ရွက်​ထွက်​⁠ပြီး​ချိန်​တွင် ပန်းပွင်ရန်ရင်ခြင်းအဆင့် (ripeness – to – flower stage)​ ကို ရရှိပါသည်​။ အပင်​စို​က်​⁠ပြီး​ (၁၅ – ၁၈)​ လခန့်​⁠ကြီး​ထွား​⁠ပြီး​ ⁠ဖြစ်​⁠သော်​လည်း​ အပင်​ (၄၀ – ၅၀)​ ရာခိုင်​⁠နှုန်း​ခန့်​သာပန်း​စပွင့်​ပါသည်​။ နာနတ်​တွင်​ Ethephon (Ethrel)​ 100ppm ကို အသုံး​⁠ပြု၍ ပန်း​ပွင့်အောင်​ ⁠ဆောင်​ရွက်​⁠နိုင်​ပါသည်​။
 NaCo3 0.04% ကို Ethrel ⁠နှင့်​ ⁠ရောသုံး​ပါက Ethrel ⁠ပြင်း​အား​ကို (25)​ppm အထိ ⁠လျှော့​ချ⁠နိုင်​ပါသည်​။ ⁠ဆေး​⁠ဖျော်​ရည်​ (၅၀)​စီစီကို အပင်​၏ အလယ်​တည့်​တည့်​သို့​ ⁠လောင်း​ချပါ။ အသီး​အရွယ်​အစား​⁠ကောင်း​⁠ကောင်း​ရရှိရန်​ အစာချက်​⁠သော အရွက်​အ⁠ရေအတွက်​ (၃၅ – ၄၀)​ရွက်​ ရှိ⁠သောအခါတွင်​မှ ပန်း​ပွင့်​ရန်​ ⁠ဆောင်​ရွက်​သင့်​ပါသည်​။

ပန်း​ပွင့်​ရန်​ ⁠ဆောင်​ရွက်​ရာတွင်​ အသုံး​⁠ပြု⁠နိုင်​⁠သော အ⁠ခြား​ဓါတု⁠ဗေဒပစ္စည်း​များ​မှာ Nepthalene Acetic Acid (NAA)​ 10-15 ppm, Calcium carbide 20gm ကို ⁠ရေတစ်​လီတာတွင်​ ⁠ဖျော၍ ရရှိ⁠သော ⁠ဖျော်​ရည်​လတ်​လတ်​ဆတ်​ဆတ်​တို့​⁠ဖြင့်​ ပန်း​ပွင့်​⁠အောင်​⁠ဆောင်​ရွက်​⁠နိုင်​ ပါသည်​။

တစ်နှစ်ပတ်လုံးသီးထွက်ရရှိနိုင်ရန်​

တစ်နှစ်ပတ်လုံးသီးထွက်ရရှိနိုင်ရန်​အတွက်-

၁။ အမျိုး​အစား​မတူသည့်​ ပျိုး​ပင်​ (အပင်​အစိတ်​အပိုင်း​၊ သား​တက်​များ​)​ ကို အသုံး​⁠ပြုစိုက်​ပျိုး​⁠ခြင်း​။

၂။ Sucker ⁠နှင့်​ Slip ကိုစိုက်​ချိန်​ ပုံမှန်​⁠ခြား​၍ ဇူလိုင်​ မှ ဒီဇင်​ဘာလထိ စိုက်​ပျိုး​⁠ခြင်း​။

၃။ ပန်း​ပွင့်​ရန်​ အသုံး​⁠ပြုသည့်​ ဓါတု⁠ဆေး​များ​ အသုံး​⁠ပြု⁠ခြင်း​ စ⁠သောနည်း​များ​⁠ဖြင့်​
 ⁠ဆောင်​ရွက်​⁠နိုင်​ပါသည်​။အသင့်​တော်​ဆုံး​⁠သော ⁠ဆောင်​ရွက်​ နည်း​⁠ဖြစ်​ပါသည်​။

ရိတ်​သိမ်း​⁠ခြင်း​ ⁠နှင့်​ အထွက်​⁠နှုန်း​

အပင်စိုက်ပြီး​ (၁၁-၁၂)​ လ အကြာတွင်ပန်းပွင့်ပြီး ​၊ (၁၅ -၁၈)​လ အ⁠ကြာတွင်​ ရိတ်​သိမ်း​⁠နိုင်​သာ အဆင့် ကိုရရှိ⁠နိုင်​ပါသည်​။ ⁠ဆောင်း​ရာသီ တွင်​ ရင့်​မှည့်​⁠သောအသီး​များ​မှာ အချဉ်​ဓာတ်​များ​သည်​။ စည်​သွတ်​ရန်​အတွက်​⁠ဖြစ်​လျှင် ကြီးထွား​ဆဲ အသီး​၏ အောက်ခြေတွင် အရောင်အနည်းငယ်ပြောင်းလျှင် ရိတ်သိမ်းနိုင်ပါသည်။
စည်​သွတ်​ရန်​အတွက်​ အသီး​များ​ကို တချန်​တည်း​ဆွတ်​ခူး​⁠နိုင်​ရန်​ အသီး​များ​မှည့်​ချိန်​တွင်​ Ethrel ⁠ပြင်း​အား​ (၁၂၅ – ၂၅၀)​ ppm ⁠ရေ⁠ဖျော်​၍ အသီး​တစ်​လုံး​⁠ခြင်း​ကို ပတ်​ဖျန်​း​ပါ။ လတ်​လတ်​ဆတ်​ဆတ်​ စား​သုံး​ရန်​အတွက်​⁠ဖြစ်​လျှင်​ အသီး​အ⁠ရောင်​ ⁠ရွှေဝါ⁠ရောင်​သို့​ ⁠ဖြစ်​သည်​အထိ ထား​ရှိရပါသည်​။ အသီး​⁠ပေါ်ရှိအပင်​ (Crown)​ ပါသည့်​ အသီး​ကို ဆွတ်​ခူး​⁠ပြီး​ (၁၀-၁၅)​ရက်​အထိ အပျက်​အစီး​မရှိ ထား​သို⁠နိုင်​ပါသည်​။

ပထမနှစ်လမိုင်းခင်းနှင့် ဒုတိယနှစ် လမိုင်းခင်း​မှ အသီး​အ⁠လေး​ချိန်​များ​မှာ စိုက်​ခင်း​သစ်​မှ ရရှိသည့်​အသီး​ (ပထမဆုံး​ရသည့်​ အသီး​)​ အ⁠လေး​ချိန်​၏ (၇၅)​ ရာခိုင်​⁠နှုန်း​ အသီး​သီး​ရပါသည်​။ လမိုင်း​သက်​တမ်း​⁠ကြာရှည်​လာသည်​⁠နှင့်​ ပန်း​ပွင့်​သည့်​ အပင်​ဦး​⁠ရေ၊ အသီး​အရွယ်​ အစား​များ​ ⁠လျော့​နည်း​လာပါသည်​။ လှပ⁠သော အသီး​အ⁠ရေအတွက်​ တိုး​လာပါသည်​။

စိုက်​ပျိုး​သည့်​မျိုး​၊ စိုက်​စနစ်​၊ စိုက်​ပျိုး​သည့်​⁠ဒေသ ⁠နှင့်​ သက်​တမ်း​ကို လိုက်​၍ တစ်​ဧကအထွက်​⁠နှုန်း​ (၂၈ – ၄၀)​ တန်​ အထိ ထွက်​ရှိပါသည်​။

Source :⁠မြန်​မာ့​စိုက်​ပျိုး​⁠ရေး
ဗဟုသုတ​ကျေးရွာ

ကြက်မောက်ပင်စိုက်ပျိုးနည်း


၁။ မူရင်းဒေသ
မလေးရှားနှင့် အင်ဒိုနီးရှားမှာ မူရင်းဒေသဖြစ်သည်။ ကြက်မောက်ပင်ကို အင်္ဂလိပ် အမည် RAMBUTAN, ရုက္ခဗေဒ အမည်မှာ Naphelium lappacum ၊ မျိုးရင်းအမည်မှာ SAPINDACEAE ဟူ၍ ခေါ်ဝေါ်ကြသည်။
၂။ လိင်အမျိုးအစား သုံးမျိုးရှိပါသည်။
၁။ အဖိုပွင့်များသာပွင့်သော အဖိုပင်များ။
အစေ့စိုက်အပင်များ၏ ၄၀-၆၀ ရာခိုင်နှုန်းမှာ အဖိုပင်များဖြစ်သည်။
၂။ လိင်စုံပင်တွင် ပန်းပွင့်များသည် အမပွင့်သကဲ့သို့ ဆောင်ရွက်သောအပင်များ။
၃။ လိင်စုံပင်တွင် တချို့သောပန်းပွင့်များသည် အမပန်းပွင့်၏တာဝန်များကို ဆောင်ရွက်ပြီး အချို့သော ပန်းပွင်းများသည် အဖိုပွင့် တာဝန်များကို ဆောင်ရွက်သောအပင်များ။
ဤအမျိုးအစားသည် အများဆုံးတွေ့ရပြီး အဖိုပွင့် ရာခိုင်နှုန်းနည်းပါးသည်။
၃။ စိုက်ပျိုးရန်ထောက်ခံသော မျိုးများ
ကြက်မောက်မျိုးများကို အသားနှင့်အစေ့ကိုခွာ၍ ရနိုင် မရနိုင်ပေါ်မူတည်ပြီး အကြမ်းအားဖြင့် အစေ့ကျွတ်ကပ်နှင့် အစေ့မကပ် မျိုးဟူ၍ ခွဲခြားနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ကန်ကလေး ၁၊ ကန်ကလေး ၂ မျိုးများသည် စိုက်ပျိုးရန် သင့်တော်သော မျိုးများ ဖြစ်သည်။
၄။ မျိုးရွေးချယ်ရာတွင် အရးကြီးသောအချက်များ
၁။ အထွက်နှုန်းကောင်းရမည်။
၂။ အသီးအရွယ်အစားကြီးရမည်။ (တစ်လုံး ၃၄ ဂရမ်ထက်ပိုရမည်။)
၃။ အသီးအရသာ ချိုရမည်။
၄။ အသားကိုဖယ်ထုတ်သောအခါ အစေ့ခွံကပပါမှု နည်းနိုင်သမျှနည်းရမည်။
၅။ အသီး စွဲဆောင်မှုရှိရမည်။
၆။ နှစ်စဉ်ပုံမှန် သီးပွင့်ရမည်။
၅။ ရာသီဉတု
အများအားဖြင့် အီကွေတာ၏ တောင်နှင့်မြောက် လတ္တီတွဒ် ၁၂ ဒီဂရီ အတွင်း စိုက်ပျိုးကြသည်။ အပူချိန် ၂၂-၃၀ ဒီဂရီ စင်တီဂရိတ်အတွင်း ရှိပြီး ပင်လယ်ရေမျက်နှာပြင်မှ မီတာ ၇၀၀ အတွင်းသည် အသင့်တော်ဆုံးဖြစ်ပါသည်။ မိုးများသည့် ဒေသတွင် နှစ်စဉ်မိုးရေချိန် ၂၀၀၀-၅၀၀၀ မီလီမီတာ ရလျှင် ပိုမိုကောင်းမွန်ပြီး မိုးရွာသွန်းမှုမှာ တစ်နှစ်ပတ်လုံး ညီညာစွာ ရွာသွန်းရန်လိုပါသည်။ မိုးမရွာသည့် နွေရာသီကာလတွင် ပန်းပွင့်သည်မှ အသီးဆွတ်ခူးသည်အထိ ရေပေးသွင်းရန်လိုပါသည်။
အပူချိန် ၁၀ ဒီဂရီ စင်တီဂရိတ်ထက်နိမ့်လျှင် အပင်ကြီးထွားမှုကို ထိခိုက်စေပြီး အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ် ထက်မြင့်ပါက အပင်ကြီးထွားမှုကို ရပ်တန့်စေပါသည်။ ပန်းပွင့်ဖူးဖြစ်ပေါ်ရန်အတွက် ခြောက်သွေ့သောကာလ အနည်းဆုံး တစ်လ လိုအပ်ပါသည်။
၆။ မြေအမျိုးအစားများ
မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သည်။ သို့ရာတွင် သစ်ဆွေးဓာတ်ကြွယ်ဝသော ရေစီးစိမ့်မှု ကောင်းသည့် မြေသြဇာထက်သန်သော သဲဆန်သည့်နုန်းမြေတွင် အပင်ကြီးထွားမှုနှင့် အသီးသီးရန်အတွက် အသင့်တော်ဆုံးဖြစ်သည်။ သဘာဝနှင့်ဓာတ်မြေသြဇာများ လုံလောက်စွာထည့်ပေးနိုင်လျှင် ဂဝံမြေနီတွင် စိုက်ပျိုးနိုင်သည်။ မြေချဉ်ငံဓာတ် ၄.၅ - ၆.၅ သည် သင့်တော်ပါသည်။ သံဓာတ်နှင့် သွပ်ဓာတ်ချို့တဲ့မှုကို များစွာတွေ့ရလေ့ရှိပြီး အရွက်များဝါခြင်း၊ အရွက်အရောင်ပျက်ခြင်း (အရွက်အရောင်မူမှန်မဟုတ်ခြင်း) များဖြစ် လာပါသည်။ ရေစီးစိမ့်မှုကောင်းရန်လိုပြီး မြေအောက်ရေမျက်နှာပြင်သည် ယေဘူယျအားဖြင့် မြေမျက်နှာပြင်မှ သုံးမီတာ လေးမီတာထက် မနည်းသင့်ပါ။
၇။ ပင်ကြားတန်းကြားနှင့် စိုက်စနစ်
အကွာအဝေး ၁၀-၁၂ မီတာ x ၁၀-၁၂ မီတာ (၃၂-၃၉ လက်မ × ၃၂-၃၉ လက်မ) ဖြင့် စတုရန်းပုံ စိုက်ပျိုးစနစ်မှာအသုံးများသောစနစ် ဖြစ်သည်။ တစ်ချို့နိုင်ငံများတွင် အထူးပြု ငါးပွင့်ဆိုင်စိုက်စနစ် (စတုရန်းပုံ စိုက်စနစ် အလယ်တွင် တစ်ပင်စိုက်ခြင်း) ကို အသုံးပြုကြသည်။ အလယ်ခေါင်တွင် စိုက်ထားသောအပင်ကို စိုက်ပြီး ၈-၁၀နှစ်ကြာလျှင် ခုတ်လိုက်ပါသည်။ Rongrien R-9, R156 ကဲ့သို့သောအပင်ကြီးမျိုးများကို ၁၀ x ၁၂ မီတာ (၃၂-၃၉ လက်မ)ခြားစိုက်ပါသည်။ စိုက်ကျင်းမှာ တစ်မီတာ (၃ လက်မ) ပတ်လည်တူးပါသည်။ အပေါ်ယံမြေကို ကောင်းစွာဆွေးမြေ့သော သစ်ဆွေးမြေသြဇာနှင့်ရောရာတွင် သစ်ဆွေးမြေသြဇာနှစ်ဆကို အပေါ်ယံမြေတစ်ဆ နှင့် ရောပြီး ကျောက်မှုန့် ၁-၂ ကီလိုဂရမ် (၆၀ ကျပ်သား-၁ ပိဿာ ၂၀ ကျပ်သား)ထည့်မွှေပါ။ ဓာတ်မြေသြဇာထည့်ပါက ၁၅း၁၅း၁၅ ဓာတ်မြေသြဇာ ၂၀၀-၃၀၀ ဂရမ် (၁၂-၁၈ ကျပ်သား) ဖြည့်စွက်ပြီး သစ်ဆွေးမြေသြဇာနှင့် အပေါ်ယံမြေအချိုးကို ၃း၁ တိုးပေးပါ။
မြေကြီးကိုဓာတ်ခွဲရာတွင် မဂ္ဂနီစီယမ်ချို့တဲ့နေပါက ဒိုလိုမိုဒ်ကျောက်မှုန့် ၂၀၀ ဂရမ် (၁၂ ကျပ်သား) ကို တစ်ကျင်းနှုန်းထည့်ပါ။ စိုက်ပျိုးစဉ်အမြစ်မပျက်စီးသင့်ပါ။ အမြစ်ပျက်စီးခြင်းသည် စိုက်ခင်းတည်ထောင်ရာတွင် ပျက်စီးခြင်းအကြောင်းတစ်ခုဖြစ်သည်။ အပင်စိုက်ပျိုးချိန်တွင် ၁.၅ မီတာ (၅ ပေ )အရှည် ငုတ်တိုင်စိုက်ပေးပါ။
၈။ အရိပ်ပေးခြင်းနှင့် လေကာပေးခြင်း
စိုက်ပျိုးပြီးပထမ ၆-၈ လ အထိ အရိပ်ပေးရန်လို၏။ အုန်းလက်၊ သက်ကယ်ကို အရိပ်ပေးရန်သုံးနိုင်ပါသည်။ လေကာကောင်းစွာပြုလုပ်ပေးခြင်း သို့မဟုတ် တစ်ပင်ချင်းအား လေတိုက်ခြင်းမှ ကာကွယ်ပေးခြင်းဖြင့် ဆုံးရှုံးမှုနှင့် ပျက်စီးမှုကို ရှောင်ရှားနိုင်သည်။
၉။ အပင်ပုံသွင်းပေးခြင်း
အပင်၏အကိုင်းများကို အစောပိုင်းတွင် ပုံသွင်းပေးရန်လိုအပ်ပါသည်။ အပင်ပုံသွင်းပေးခြင်းဖြင့် အပင်များသည် သစ်ကိုင်းခွကျယ်သော အပင်များဖြစ်လာပြီးအကွာအဝေးညီညာစွာရှိမည် ဖြစ်ပါသည်။ (သစ်ကိုင်းခွ = ပင်စည်မနှင့် ဘေးထွက်ကိုင်းကြားရှိ ခွ)
ထိုင်းနိုင်ငံတွင် အထူးသဖြင့် Rongrien မျိုးပြားတွင် Modified Leader နည်းစနစ်ဖြင့် အပင်ကိုပုံသွင်းပါသည်။ ဤနည်းဖြင့် ပထမနှစ်၌ အပင်ထိပ်ဖျားပိုင်း မဖြတ်မီ ပင်မအညွန့်ကို ၇၀ စင်တီမီတာအထိ ကြီးထွားစေပါသည်။ ဤအဆင့်တွင် သန်စွမ်းပြီး ထောင့်ကျယ်သော wide angle ဘေးကိုင်း သုံးကိုင်း လေးကိုင်းကို ဖွိ့ဖြိုးကြီးထွားအောင် ထားရှိပါသည်။ ဤအကိုင်းများသည် အပင်၏ ပင်မကိုင်းကြီးများ ဖြစ်လာပြီး ဒုတိယနှစ်တွင် ၎င်းကိုင်းအကြီးများကို ဖြတ်ပေးခြင်းဖြင့် ဒုတိယဘေးကိုင်းများ ထွက်လာစေမည်ဖြစ် ပါသည်။ နောက်ပိုင်းတွင် ရေတက်များနှင့် ကိုင်းသေကိုင်းခြောက်များကို နှစ်စဉ်ဖြတ်ပေးရန်သာလိုပါသည်။
၁၀။ ဓာတ်မြေသြဇာ အသုံးပြုပုံ
အောက်ပါထောက်ခံနှုန်းထားများကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ပါသည်။
ကြီးထွားမှုအဆင့်       အမျိုးအစားနှင့် ဓာတ်မြေသြဇာပေါင်းစပ်ပုံ
၁။ ပန်းမပွင့်မီ
            NPK 8 : 24:24 (or) 10:52:17 (or)15:30:15
၂။ ပန်းပွင့်ချိန်
            NPK ca 12:12:17:2+လိုအပ်လျှင် အနည်းလို အာဟာရထည့်ရန်
၃။ အသီးတင်ပြီး
         NPK 1:1:1+အနည်းလို အာဟာရများနှင့် သဘာဝမြေသြဇာ
၄။ အသီးတင်ပြီး
         NPK ca 12:12:17-2 (or) 8:24:24:24 ၉ ပတ်အကြာ
၅။ ရိတ်သိမ်းပြီးချိန်
       (NPK 15:15:15+ယူရီးယား သို့မဟုတ် NH2SO4 နှင့် သဘာဝမြေသြဇာ)
သုံးနှစ်သားရှိအပင်မှ အသီးသီးချိန်တွင် NPK တစ်နှစ်လျှင် ၀.၅ ကီလိုနှုန်း (၃၀ ကျပ်သား) လိုအပ်ပါသည်။
အသီးအများ ဆုံးထွက်သည့်အချိန်တွင် အပင်တစ်ပင်တစ်နှစ်လျှင် ဓာတ်မြေသြဇာ ၅ ကီလိုနှုန်း (၈ ပိဿာ) ထည့်ပေးရန်ဖြစ်သည်။ ဓာတ်မြေသြဇာကို အပင်ခြေနှင့်ကပ်မထည့်ဘဲ Drip cycle (အပင်၏အနားစွန်းမှ ရေစက်ချသည့်အဝိုင်း = canopy) အတိုင်း ဓာတ်မြေသြဇာများ ကို ထည့်ပေးရန်ဖြစ်သည်။ အနည်းလို အာဟာရချို့တဲ့မှုများ ဖြစ်ပေါ်လေ့ရှိသည်။
မဂ္ဂနီစီယမ်ချို့တဲ့မှု (အရွက်မွှားများ အရွယ်အစားသေးငယ်လာခြင်း၊ ရွက်ကြောစိမ်းများကြား အရောင်ပျက်ခြင်း၊ အရွက်ကြွေခြင်း၊ ပန်းပွင့်နည်းခြင်း၊ အမြစ်ဖွံ့ဖြိုးမှုနည်းခြင်း) အတွက် MgSo4 ၁-၂% ကို အရွက်ပေါ်ဖျန်းပေးခြင်း၊ ဒိုလိုမိုဒ်ကျောက်မှုန့်ကို အပင်ခြေတွင် ထည့်ပေးခြင်းများပြုလုပ်ပါ။ ကယ်ဆီယမ်ချို့တဲ့မှု (အပင်ခြောက်လာခြင်း၊ အရွက်ကြီးထွားမှုလျော့သွားခြင်း၊ အပင်ကြီးထွားပိုင်းများ ရပ်တန့်ခြင်း၊ ထိခိုက်ခြင်း) အတွက် မဖောက်ထုံး သို့မဟုတ် ဒိုလိုမိုဒ် ကျောက်မှုန့်ကို အပင်မစိုက်ပျိုးမီကတည်းက ထည့်ပေးပါက ပိုမိုထိရောက်မှုရှိပါသည်။ သို့ရာတွင် ထုံးပါသောပစ္စည်းများကို အပင်ငယ်များသို့ ထည့်ပေးရာတွင် အနည်းဆုံးအရေအတွက်သာ ထည့်ပေးရန်ဖြစ်သည်။ သွပ်ဓာတ်ချို့တဲ့မှုကို တွေ့ရခဲသည်။ သို့ရာတွင် ဇင့်ဆာလဖိတ် ၂ ရာခိုင်နှုန်း ပြင်းအားဖြင့် တစ်နှစ်လေးကြိမ် ဖျန်းပေးပါ။
၁၁။ ရေပေးသွင်းခြင်း
ယေဘူယျအားဖြင့် ခြောက်သွေ့သောကာလတွင် ရေသွင်းခြင်းကို နှစ်ရက် သုံးရက် တစ်ကြိမ်ဖြင့် ပန်းပွင့်ရန် သန္ဓေတည်ခြင်း စတင်ဖြစ်ပေါ်သည့်အချိန်မှလွဲ၍ ပြုလုပ်ပေးရန်ဖြစ်သည်။
သန္ဓေတည်ခြင်း စတင်ဖြစ်ပေါ်သည့်အချိန် ပြီးဆုံးသည်နှင့် အပင်များမှာ ရေအသင့်အတင့် လိုအပ်ပါသည်။ ပန်းပွင့်စဉ်အတွင်း မိုးသည်းထန်စွာရွာသွန်းပါက အသီးတင်မှုနည်းပါးသွားပါသည်။ ဝတ်မှုန်ကူး အင်းဆက်များ လှုပ်ရှားမှုနည်းသွားခြင်းကြောင့် ဖြစ်နိုင်ပါသည်။
ထိုင်းနိုင်ငံအရှေ့ပိုင်းတွင် ပန်းပွင့်ရန် သန္ဓေတည်ခြင်း စတင်ဖြစ်ပေါ်သည့် အချိန်အတွင်း ရေကိုထိန်းချုပ်ပေးခြင်းဖြင့် ပန်းပွင့်ချိန်စောအောင် ပြုလုပ်နိုင်ပါသည်။ အဓိကသီးထွက်ချိန်မှာ မေ၊ ဇွန် ဖြစ်ပြီး အသီးစောပေါ်ခြင်းနှင့် နောက်ကျပေါ်ခြင်းက စျေးပိုရစေပါသည်။ သဲဆန်သောနုန်းမြေတွင် စိုက်ပျိုးသော မြေထုပ်စည်းအပင်များနှင့် အပင်ကြီးများကို ရေထိန်းချုပ်ပေးခြင်းဖြင့် ပန်းပွင့်အောင်ဆောင်ရွက်ရာတွင် အခြေအနေများစွာပေးပါသည်။ ရေရှားပါးသောနေရာများတွင် အစက်ချရေသွင်းပေးခြင်းက သင့်လျော်ပါသည်။ တစ်ပင်အတွက် အစက်ချပေါင်း နှစ်ခု သို့မဟုတ် နှစ်ခုထက်ပို၍ လိုအပ်ပါသည်။
၁၂။ အပင်ကြီးထွားမှု ထိန်းညှိပေးသော ဓာတ်ပစ္စည်းများအသုံးပြုခြင်း(Plant Growth Regulator များအသုံးပြုခြင်း)
Paclobutrazol ၇၀၀-၁၀၀၀ ppm ဖျန်းပေးခြင်းဖြင့် အချိန်စော၍ ပန်းပွင့်အောင်ပြုလုပ်နိုင်ပါသည်။ သို့ရာတွင် Paclobutrazol ဖျန်းပြီး ခန့်မှန်း နှစ်လအကြာတွင် Thiourea သို့မဟုတ် KNO3 ဖျန်းပေးပါက ပိုမိုထိရောက်မှုရှိပါသည်။ Paclobutrazol နှုန်းထားဖြင့် ဖျန်းက ကြီးထွားမှု ပုံမမှန်ဖြစ်စေပါသည်။
Ethephon 150-200 ppm ဖျန်းပေးခြင်းဖြင့် ပန်းပွင့်ချိန် ၁၀-၁၃ ရက်ခန့် စောစေပါသည်။ မှည့်နေသောအသီးကို NAA ဖျန်းပေးခြင်းဖြင့် အသီးဆွတ်ခူးချိန်ကို နောက်ကျစေနိုင်သော်လည်း မဆွတ်ခူးရသေးသော အသီးအတွင်းရှိ အစေ့မှ အပင်ပေါက်လာစေနိုင်ပါသည်။
NAA 200 ppm ကို GA 20 ppm နှင့် ရောဖျန်းခြင်းဖြင့် အသီးတင်မှုများလာသည်ကို တွေ့ရှိရပါသည်။ အသီးတင်မှုကောင်းရန်အတွက် ပန်းပွင့်များ အရေအတွက် တစ်ဝက်ခန့် ပွင့်အာချိန်တွင် ဖျန်းရန်ဖြစ်ပါသည်။ အသီးကြွေမှုနှောင့်နှေးစေရန် (အသီးညှာခိုင်ရန်) အသီးတင်ပြီးတစ်လအကြာတွင် ဖျန်းရန်ဖြစ်သည်။
၁၃။ ရိတ်သိမ်း ဆွတ်ခူးခြင်း
အသီးအရောင်ဖြစ်ပေါ်တိုးတက်မှုမှာ အလင်းရောင်ရရှိမှု အလင်းပြင်းအားတို့နှင့် ဆက်စပ်မှုရှိနေပြီး အသီးခွံအနီရောင်ဖြစ်ပေါ်မှု့မှာ Anthocyanin ထုတ်လုပ်မှုအပေါ် အဓိကမှီတည်နေပါသည်။ အသီးအဆံချောင်ခြင်း (Poor fruit filling)၊ အချဉ်ဓာတ်များခြင်း၊ အရသာမရှိခြင်းတို့မှာ ခြောက်သွေ့သော အခြေအနေများကြောင့်ဖြစ်ပြီး အသီးကြီးထွားဖွံ့ဖြိုးမှု့၏ နောက်ပိုင်းကာလများတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် အသီးအက်ကွဲမှု့ကို ဖြစ်စေပါသည်။
ထိုင်းနိုင်ငံတွင် အသီးကို ပုံမှန်အားဖြင့် ပန်းပွင့်စုံပြီး ၉၀-၁၀၀ ရက်တွင်လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံတွင် ပန်းပွင့်စုံပြီးနောက် ၉၀-၁၀၀ ရက်တွင် လည်းကောင်း၊ မလေးရှားတွင် ၁၀၀-၁၃၀ ရက် တွင် လည်းကောင်းအသီးဆွတ်ခူးရိတ်သိမ်းပါသည်။ အသီးအရောင် စတင်ဖြစ်ပေါ်ပြီး ၁၆-၁၈ ရက်တွင် စျေးကွက်သို့ တင်ပို့နိုင်ပြီဖြစ်ပါသည်။ အပင်တစ်ပင်တွင်ရှိ အသီးအားလုံး ရင့်မှည့်လာရန်အတွက် ရက် ၃၀ ခန့်လိုအပ်ပါသည်။ မလေးရှားနှင့် အင်ဒိုနီးရှားတွင် အသီးများကို အခိုင်လိုက် ရောင်းချပြီး ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံ တွင် အသီးတစ်လုံးချင်းရောင်းချပါသည်။ အင်ဒိုနီးရှားနိုင်ငံတွင် အသီးဆွတ်ခူးခြင်းကို ၅-၇ ရက်ခြားဆောင်ရွက်ပါသည်။
၁၄။ ရိတ်သိမ်းချိန်တွင် ဆောင်ရွက်ရန်များ
အသီးထုတ်ပိုးရန်အတွက် အသုံးများသော ထည့်စရာ၊ ထုတ်ပိုးစရာမှာ ဝါးခြင်းတောင်းဖြစ်သည်။ နိုင်ငံခြားပို့ရန်အတွက် ၅ ကီလိုဂရမ်ဆန့် (၃၀ ပိဿာ) ဖိုင်ဘာကတ်ထူပုံးတွင် အသီးများထည့်ပြီး ၁၃ ဒီဂရီ စင်တီဂရိတ်တွင် မပို့မီ ရက်အတော်ကြာထားရှိ သိုလှောင်ထားနိုင်ပါသည်။ အသီးထုတ်ပိုးရာတွင် အသီးများကြားတွင် အစိုဓာတ်ထိန်းပေးသည့် ကြားခံပစ္စည်းများ ထည့်သွင်းထုတ်ပိုးခြင်းဖြင့် အသီးများလတ်လတ်ဆက်ဆက် ရှိနေစေပါသည်။
ကိုးကား-သစ်သီး ဝလံ စိုက်ပျိုးနည်း

DURAIN ( ဒူးရင်းစိုက်ပျိုးနည်း )

#DURAIN
၁။ မူရင်းဒေသ - အရှေ့တောင်အာရှ၊ အီကွေတာမိုးသစ်တော။ အင်္ဂလိပ်အမည် - DURAIN၊ ရုက္ခဗေဒအမည် - Durio Zibethenus၊ မျိုးရင်းအမည် - BOMBACEAE ဖြစ်ပါသည်။
၂။ မြန်မာနိုင်ငံတွင် စိုက်ပျိုးနိုင်သောဒေသများ
မွန်ပြည်နယ်၊ တနသာင်္ရီတိုင်း၊ ကရင်ပြည်နယ် အကောင်းဆုံးဖြစ်ထွန်းသည်။ ရန်ကုန်တိုင်း၊ ပဲခူး အရှေ့ခြမ်း၊ ဧရာဝတီတိုင်းတို့တွင်လည်း စီးပွားဖြစ်စိုက်ပျိုးနိုင်ပါသည်။
၃။ လတ္တီတွဒ်
အီကွေတာမှ တောင်နှင့်မြောက် ၁၅ ဒီဂရီ အတွင်းကောင်းစွာဖြစ်ထွန်းသည်။ ၁၈ ဒီဂရီ အထိလည်း စိုက်ပျိုးနိုင်ပါသည်။
၄။ ရေမျက်နှာပြင်အမြင့်
ပင်လယ်ရေ မျက်နှာပြင်မှ ၂၆၀၀ ပေ အထိ။ အပင်ကြီးထွားရန်နှင့် အသီးထုတ်လုပ်မှုအတွက် ပင်လယ်ရေ မျက်နှာပြင် နိမ့်မှသာ ကောင်းမွန်ပါသည်။ ပေ ၁၀၀၀ အောက်အကောင်းဆုံးဖြစ်ပါသည်။
၅။ ရာသီဉတု
ပူအိုက်စိုစွတ်သောရာသီဉတုကိုကြိုက်နှစ်သက်သည်။ ပျမ်းမျှအပူချိန် (၂၄ ဒီဂရီ ဆဲလ်စီးယပ် - ၃၀ ဒီဂရီ ဆဲလ်စီးယပ်) စိုထိုင်းဆ ၇၅ ရာခိုင်နှုန်း၊ မိုးရေချိန် ၇၅ လက်မ အထက်ရသော ဒေသတွင် ကောင်းစွာဖြစ်ထွန်းသည်။ လစဉ် ပျမ်းမျှ အပူချိန် ၂၂ ဒီဂရီ စင်တီဂရိတ်ထက် နည်းပါက အပင်ကြီးထွားမှု မဖြစ်ပါ။ အပူချိန် ၁၀ ဒီဂရီ စင်တီဂရိတ်ထိ ခံနိုင်သော်လည်း အရွက်ကြွေပါမည်။ တစ်နှစ်ပတ်လုံး မိုးဖြန့်ရွာသော ဒေသများတွင် စီးပွားဖြစ် အသီးထုတ်လုပ်ရေးအတွက် ပိုကောင်းကြောင်းတွေရသည်။
၆။ မြေအမျိုးအစား
မြေဆီကောင်းမွန်ပြီး ရေစီးစိမ့်မှုကောင်းသော နုန်းဆန်သောမြေ၊ မြေသားအနက် အနည်းဆုံး ၄-၅ ပေ ရှိ၍ ရေသွင်းရေထုတ် ကောင်းစွာပြုလုပ်နိုင်သော မြေညီမြေပြန့်ကို ကြိုက်နှစ်သက်သည်။
PH 6.5 ဝန်းကျင်ရှိသော သဲနုန်း (သို့မဟုတ်) နုန်းမြေကိုနှစ်သက်သည်။
၇။ စိုက်ပျိုးချိန်
မိုးဦးကျ ဇွန်လတွင် စိုက်ပျိုးနိုင်သည်။ ရေရရှိပါက တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပါသည်။
၈။ ဒူးရင်းမျိုးများ
မျိုးရွေးချယ်ရာတွင် (၁) အသီးထွက်ကောင်းခြင်း၊ (၂) အိမ်မွှာကြီးပြီးအသားထူ၊ အစေ့သေး၊ အရသာကောင်းခြင်း၊ (၃) စောစောပွင့်သီးခြင်းတို့ကို ဦးစားပေးသင့်သည်။
အရည်အသွေးကောင်း မျိုးများဖြစ်သည့် ကန်ကလေး (၁)၊ ကန်ကလေး (၂)၊ ရွှေဒဂါင်္း မိချောင်းခေါင်းများကို စိုက်ပျိုးနိုင်သည်။
၉။ စိုက်ပျိုးနည်း
ပင်ကြားတန်းကြား တစ်ဧကဝင်ဆန့်ပင်ရေ
၃၀’ x ၃၀’ ၄၈ ပင်
၂၅’ x ၂၅’ ၇၀ ပင်
၂၀’ x ၂၀’ ၁၀၈ ပင်
ဒူးရင်းပင်စိုက်ပျိုးရန်အတွက် ၃’ x ၃’ x ၃’ အရွယ်စိုက်ကျင်းတူးပြီး မြေခံမြေသြဇာအဖြစ်၁၅း၁၅း၁၅ (၃)မျိုးစပ် နို့ဆီဘူး (၁) ဘူး၊ နွားချေးဆွေး (သို့) ကြက်ချေးဆွေး(၂)တင်း၊ မြေအောင်းပိုးသတ်ဆေး (၁)ဇွန်း၊ မဖောက်ထုံး နို့ဆီဘူး (၁)ဘူးတို့အား အပေါ်ယံမြေနှင့် သမအောင်ရော၍ စိုက်ကျင်းတွင်းထည့်ကာ တစ်လခန့် နှပ်ထားသင့်သည်။
ကျန်းမာသန်စွမ်းသော(၁-၂)နှစ်သား ကိုင်းဆက်ပျိုးပင်များကို မြေနှပ်ထားသောကျင်းတွင် မြေလုံးမပျက် စိုက်ပျိုးရပါမည်။ ရေလုံးဝမဝပ်စေရန် ပင်ခြေပတ်လည်အားဖို့ပေးပြီး ပလက်စတစ်အနက်စဖြင့် အုပ်ပေးခြင်း၊ တိုင်ထောင်၍ ပျိုးပင်အား ကြိုးချည်ထိန်းပေးခြင်းများ ပြုလုပ်ပေးရသည်။ 
စိုက်ပျိုးပြီး (၂) နှစ်သားထိ ကျနေဒဏ်ခံနိုင်ရန်အတွက် အရိပ်လုပ်ပေးရသည်။ ဒူးရင်းပင်၏ကျနေဘက် အခြမ်း ၄-၅ ပေအကွာတွင် ငှက်ပျောစိုက်ပျိုးပေးပါက ကြားဝင်ငွေရသည့်အပြင် အရိပ်လည်းရမည်ဖြစ်သည်။
၁၀။ ရေပေးသွင်းခြင်း
မိုးကုန်ပါက ရေဝိုင်း၊ ရေဝပ်ကျင်းများပြုလုပ်ပေးရသည်။ အသီးခူးပြီးချိန်တွင် အကိုင်းရှင်းခြင်း၊ ပေါင်းမြက်ရှင်းခြင်း၊ မြေသြဇာကျွေးခြင်း (စက်တင်ဘာ/ အောက်တိုဘာ) တွင် ပြုလုပ်ပြီး မိုးစကုန်သည့်ရက်မှ (၁)လခန့် ရေဖြတ်ပြီးမှ ရေသွင်းရပါမည်။ သို့မှသာ ပွင့်သီးမှုအပိုင်း ကောင်းပါမည်။
နိုဝင်ဘာလမှ မိုးကျသည်အထိ ရေပေးသွင်းရပါမည်။ နေ့စဉ်မသွင်းနိုင်ပါက ၄-၅ ရက်တစ်ကြိမ်လုံလောက်စွာ ပေးရမည်။
၁၁။ အပင်ကြီးပြုစုခြင်း
ပန်းပွင့်စေရန်နှင့် သီးထွက်အားကောင်းစေရန် အကိုင်းဖြစ်ပြုပြင်ခြင်းလည်း လုပ်ရပါမည်။ ရှုပ်ထွေးနေ သောအကိုင်းများ၊ ကိုင်းညှပ်ကိုင်းခြောက်များနှင့် ရေတက်များရှင်းရပါမည်။ ပင်စည်မှ အကိုင်းဖြတ်တိုင်း သတိထားရမည်မှာ ဖြတ်သည့်နေရာအား မာတာရာဇီ မှိုသတ်ဆေးသုတ်လိမ်းပေးရန်ဖြစ်သည်။ ရောဂါဝင်နိုင်၍ ဖြစ်သည်။
အပင်ခြေအား အမြစ်မထိခိုက်စေဘဲ ပေါင်းရှင်းခြင်းဖြင့် ပိုးမွှားနှင့်ရောဂါအန္တာရာယ် ကာကွယ်နိုင်ပါ သည်။ အပင်ခြေအထက် (၃) ပေတွင် မည်သည့်အကိုင်းမှမရှိစေရန် ရှင်းထားရမည်။
၁၂။ မြေသြဇာကျွေးခြင်း
မိုးဦး၊ မိုးနှောင်းကာလနှင့် ပန်းပွင့်ပြီး၍ သီးကင်းဝင်ချိန်တွင် မြေသြဇာကျွေးရမည်။ အသီးသီးပင်ဖြစ်ပါ က ၁၅း၁၅း၁၅ မြေသြဇာကို ၁ ကီလိုမှ ၃ ကီလို (၆၀ ကျပ်သား မှ ၁ ပိဿာခွဲ) အထိ ပင်ရေဝိုင်းအတွင်း အပေါ်ယံဖြူးကျွေးခြင်း (Top dressing) ပြုလုပ်ပြီးအပေါ်မှ ကြက်ချေး ၄-၅ တင်းအုပ်ပေးရသည်။ မြေပေါ်ကျွေးခြင်းမှ အမြစ်မထိခိုက်စေရန် ဖြစ်သည်။
မြေသြဇာကို အကြိမ်ကြိမ်ခွဲကျွေးသင့်သည်။ ရွက်ဖျန်းမြေသြဇာလည်း သုံးနိုင်ပါသည်။ သဘာဝမြေသြဇာကို ကြက်ချေးသုံးနိုင်လျှင် ပို၍ ကောင်းမွန်ပါသည်။ နွားချေးသုံးလျှင် နွားချေးမှာ အဆွေးပါက ရောဂါ အားပေးမှု ဖြစ်စေနိုင်ပါသည်။
၁၃။ ကျရောက်သောပိုးမွှားနှင့် ရောဂါ
(က) ပိုးမႊား-Stem Borer(ပင္စည္ထိုးပိုး)
အလွန်ဆိုးရွားပါသည်။ ဘဝစက်ဝန်း (၂)နှစ်ခန့်ရှိပြီး ဖျက်ဆီးကာလ ၇-၈ လခန့်ရှိသည်။ အသီးသီးအရွယ်ရောက်ပင်မှ ကျသည်။ အစာရေကြောစည်း အခေါက်ကို ကြောင်အိမ်လှေကားကဲ့သို့ စားသွားသဖြင့် မနှိမ်နင်းနိုင်ပါက အပင်သေပါသည်။
- ပိုးကျစ်စာတွေ့ပါက သံချွန်ဖြင့်အခေါက်ခွာ၍ ပိုးကောင်ရေ ဖယ်ရှားခြင်း။
- ပိုးရှိသော အပေါက်ထဲသို့ ပိုးသတ်ဆေးတစ်မျိုးမျိုး ၅ စီစီထည့်ပြီး ရွှံ့ဖြင့်ပိတ်ခြင်း။
- ဆိုင်ကလုန်း (ပိုလိုကလိုဒီဖော့+ဆိုက်ဖာ) ပိုးသတ်ဆေးကို ၁ လ တစ်ကြိမ်ဖျန်းခြင်းတို့ လုပ်ပေးရမည်။
အခြားပိုးများဖြစ်သော Local fruit borer (သီးလုံးဖောက်ပိုး), Beetles (ကျိုင်းကောင်းများ), Leaf cutter အနည်းအကျဉ်း ကျနိုင်သော်လည်း လွယ်ကူစွာ နှိမ်နင်းနိုင်ပါသည်။
(ခ) ရောဂါ - Phytophthera palmivora (ပင်စည်ပုပ် အမြစ်ပုပ်ရောဂါ)
ဒူးရင်းသီးနှံအတွက် ကပ်ဆိုးရောဂါဖြစ်သည်။ ပိုးလောက်ကောင် larva သည် ရုပ်ဖုံးမဖြစ်မီ ခုနှစ်လခန့် ဖျက်ဆီးသဖြင့် အလွန် အန္တရာယ်များသည်။ Metalaxy မှိုဆေးကို (၃) ပတ်တစ်ကြိမ် တစ်ပင်လုံးဖျန်းခြင်း၊ Redomil ကို ဒူးရင်းပင်ခြေဖြူး၍ ကျွေးခြင်းလုပ်နိုင်ပါသည်။
ပိုးနှင့် ရောဂါကို နေ့စဉ်ဂရုစိုက်နိုင်မှသာ ဒူးရင်းကိုစိုက်ပျိုးသင့်ပါသည်။
ကြိုတင်ကာကွယ်ခြင်း
မိုးရာသီ ပင်ခြေ ရေလုံးဝမဝင်စေရန် ဆောင်ရွက်ခြင်း၊ ရေစိုနာအကွက်တွေ့ပါက ခြစ်ထုတ်ပြီး Metalaxy သုတ်လိမ်းခြင်း၊ အပင်ကိုယ်ခံစွမ်းအားကောင်းရန် 10% Phosphorus acid ကို ပင်စည်ထဲသို့ ထိုးသွင်းခြင်းကို ဆောင်ရွက်သင့်သည်။ ပိုးနှင့် ရောဂါကို နေ့စဉ်ဂရုစိုက်နိုင်မှသာ ဒူးရင်းကိုစိုက်ပျိုးသင့်ပါသည်။
၁၄။ အသီးဆွတ်ခူးခြင်း
ဒူးရင်းသည် Year Round တစ်နှစ်ပတ်လုံးသီးသော သီးပင်ဖြစ်သည်။ စပွင့်သည်မှ မှည့်သည်အထိ ၅ လခွဲမှ ၆ လ (မျိုးအလိုက်) ထိ ကြာသည်။ ပန်းပွင့်သည် တစ်လခွဲခန့်ကြပြီး သီးကင်းမှသည် မှည့်သည်အထိ လေးလခွဲခန့်ကြာပါသည်။ နိုဝင်ဘာ ပန်းစပွင့်သောအပင်မှ ဧပြီလတွင် အသီးဆွတ်ခူးနိုင်သည်။
အရောင်ပြောင်း၊ ဆူးကြဲလာလျှင်ကောင်းစွာရင့်ပါသည်။ လက်မနှင့်ဆူးကိုးခေါက်ကြည့်ပြီး ဂလိုင်သံ ထွက်လာလျှင် အညှာအရစ်အထက်ဖြတ်ပြီး ခူး၍ ရပြီဖြစ်သည်။ အသီးများ ကောင်းစွာရင့်မှည့်မှသာ ဆွတ်ခူးရမည်။ အပင်မှည့်ကြွေသီးက အရသာပိုကောင်းပါသည်။
ဆွတ်ခူးပြီးအသီးများကို သာမာန်အခန်းအပူချိန်တွင် (၁၀)ရက်ခန့်ထားနိုင်ပါသည်။ ကြွေသီးမှာမူ ၂-၃ ရက်သာ ခံပါသည်။
၁၅။ အထွက်နှုန်း၇-၁၀ နှစ်သား တစ်ပင်ချင်း ပျမ်းမျှအသီးထွက် ၂၀-၂၅ လုံးသာ ထားသင့်သည်။ စိုက်ပျိုးပြီး ၇နှစ်အတွင်း အရင်းကျေ၍ အမြက်ရနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ပုံမှန်(အောက်ပိုင်း) သီးနှံ ထွက်ကာလမှာ မေ၊ ဇွန်၊ ဇူလိုင် ဖြစ်သည်။
ကိုးကား-စိုက်ပျိုးရေးဦးစီးဌာန